BEC-TERO TV

ကိုယ်ဝန် ၅ လ ကျော်ရှိနေတဲ့ ၁၃ နှစ် မြန်မာကျောင်းသူလေး ဖြစ်ရပ်

24 Jun 2016     2,385 Views


အခုတလော မြန်မာနိုင်ငံ ရဲ့ လူမှုကွန်ယက်တွေ ပေါ်မှာ နာမည်ကြီးနေတဲ့ သတင်း တစ်ပုဒ် ဖြစ်ပါတယ် ။
 
ဆရာဝန် တစ်ဦးမှ သူရဲ့ Facebook Page ပေါ်မှာ တင်ထားတာကို ပြန် Share ပေးလိုက်ပါတယ် ။ 
 
" မနေ့ က ကျမဆေးခန်းကို ultrasoundကြည့်ဖို့  သားအမိနှစ်ယောက်လာပါတယ် သူတို့သားအမိဝင်လာတုန်းကတော့..ရင်သားတဖက်မရှိ တဲ့ မိခင်ကို လှမ်းကြည့်ရင်း.လူနာလို့ ထင်မိတာပါ။ နောက်တော့မှ..ကျမသမီးလေးရာသီမလားတာ 3လလောက်ရှိပြီ..ဗိုက်မှာလည်း အလုံးပေါ်နေလို့ ဆိုမှ့ ကလေးဗိုက်ကိုစပ်းသပ်ကြည့်လိုက်တော့..ဗိုက်ထဲမှာ ကိုယ်ဝန်က 5လပြည့်ခါနီးပါပြီ..း။ ကလေးရဲ့ အသက်ကိုသေချာသိချင်လို့ မွေးနေ့ မေးလိုက်မှ 13နှစ်နဲ့ တစ်လ..ဗိုက်ထဲက ကိုယ်ဝန်က 5လ.. .ရှင်းရှင်းပြောရရင်.အမွှေးတောင်သေချာမပေါက်သေးတဲ့ .မျက်နှာ အေးအေးလေးနဲ့ ကလေးကိုကြည့်ပြီး ကျမ ဘယ်ကနေ စပြောရမလည်းတောင်တွေးမရတော့ပါ ။
 
မတတ်နိုင်အမေကိုရှင်းပြတော့ပြီး.သမီးရည်းစားရှိသလား ချော့မေးတော့..ရည်းစားတော့မရှိ... အပျိုမဟုတ်တဲ့အဆောင်နေသူငယ်ချင်း ဆီက ဘောင်းဘီယူဝတ်မိ သည်ဟုပြောသည်..လုံးဝ မဖြစ်နိုင်ဘူး..အမှန်အတိုင်းပြောဖို့နည်းနည်းလေး မာန်လိုက်တော့..မှ.တတန်းထဲနေ.သူငယ်ချင်း နှင့်. .ဟုဝန်ခံလာသည်..fbပေါ်မှာ ဟိုတလောက ခေတ်စားနေတဲ့ရေကူးကန်ထဲကိုယ်ဝန်ခုနှစ်ယောက်ရတဲ့. မဟုတ်တဲ့ postကို ဖတ်ပြီး..အမေကို..ဘောင်းဘီ ကိစ္စနှင့် ဖြီးတော့ အူကြောင်ကြောင်အမေက သို့ လောသို့ လော ဖြစ်သည်...။
 
ဒီအမေနှင့် လွှတ်ထားလို့ မပြီး..ငါဝင်ပါမှ ဖြစ်မည် ဆိုပြီးဆက်မေးမှ..ကျမ ဖင်ထိုင်ရက်ကျမတတ်.. တတန်းတည်းကျောင်းသား..သူငယ်ချင်းအချင်းချင်း အဆင့်လောက်တွေနှင့် ..အတူနေကြသည်တဲ့ သူတို့ကိုယ်ပိုင်ကျောင်းရဲ့....ညဖက်စာကြည့်ချိန်တွေမှာ. ညဖက်အတန်းလွတ်တွေထဲသွားကြသော .အဲသလိုကလေးတွေ...တော်တော်များနေပုံရသည် ..သူပြောတဲ့ ဘေငာ်းဘီယူဝတ်တဲ့ သူငယ်ချင်းကလည်း ရည်းစားမဟုတ်ပဲ အတူနေကြသည်တဲ့.. နောက်တတွဲကတော့ ရည်းစားပေါ့...7တန်းတွေနော် တခန်းထဲအတူတူ..ချိန်းနေကြသည်တဲ့..3တွဲ ကဲ..ကလေးမို့ တခါတလေမှား သလားလို့  ကြိမ်ရေမေးတော့ .ကြိမ်ရေမနည်းတော့ပါ..။
 
. သမီးတို့ အတန်းက..အဲသလို ကြိုက်ကြတာနည်းတယ် 9တန်း 10တန်းဆိုပိုချိန်းတွေ့ ကြတာလို့ ပြောတော့ ကျမ ပက်လက်လန် ကျချင်လာသည်...မီတာခများလို့  ညဖက်ကျောင်းအပေါ်ထပ်တွေ မီးပိတ်ထားတော့ ဘိတွေဖြစ်ကုန်ကြပြီထင်... .ဒါတောင်...ကလေးကသွက်လက်ချက်ချာပုံ.သိပ်မပေါ် ဘော်ဒါဆောင်ကြေးကလည်း..မနည်းပါ..တော်ရုံမိဘ မထားနိုင်တဲ့အနေအထားပါ.. .ဘော်ဒါနှင့် ကိုယ်ပိုင်ကျောင်းတွဲဖွင့်ထားပါသည်.. သေးသေးချာချာနေရာလည်းမဟုတ်ပါ ဒီကိစ္စမျိုးက...ကျမမှ ဖွင့်မပြောလျင်. .ကိုယ့်ကလေးအတွင်းရေးမို့  ဖုန်းဖိရင်း.. အခြားမိဘ..သတိမထားမိဖြစ်နေမှာရော သားမွေးထားသူတွေရော...သမီးမွေးထားသူတွေရော ကျောင်းထောင်ထားကြသော..သူငယ်ချင်း တွေရောကို သတင်းပေးချင်ရ်ျရေးပါသည်...လူနာကို ငဲ့ညာသောအားဖြင်.အမေးအဖြေများကို.လျော့ရ်ျရေးပါ သော်လည်း.ညနေဆေးခန်းက..အပြန်မှာ.ကျမ မလှုပ်နိုင်အောင်ပင်.ကြောက်စရာ..အဖြေများရခဲ့ပါသည် မိဘများ..ဆရာများ.. ခေတ်ကို..သတိထားကြပါ ညဘက်စာကျက်ဝိုင်းများကို..သတိထားကြပါ စာသင်ကျောင်း..စာသင်ခန်းများကိုလည်း.. .သတထိားကြပါလို့ .....သတိပေးပါရစေ ။ " 
 
ယခု သတင်းမှာ Facebook နှင့် အခြားလူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့လျက်ရှိပြီး အရင်းအမြစ် အခိုင်မှာ ဟုတ်မဟုတ် သေချာသည့် အချက် အလက်တော့ မရှိသေးကြောင်း သိရပါတယ် ။
 
 
 

24 Jun 2016     2,385 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS