Jolie အိပ်မက်
20 Jun 2016 1,360 Views
အသက် ၄၁ နှစ်မှာ ကလေး ၇ ယောက်ရဲ့ မိခင် Jolie ဟာ သူမရဲ့လက်ရှိဘဝကို ကျေနပ်နေပါတယ်။ မွေးစားကလေး၎ယောက်က ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဇာဟာရာနဲ့ အီသီယိုးပီးယားတို့ကဖြစ်တဲ့အတွက် Jolie က သူတို့ ဘာသာ စကားကို လိုကိသင်ပါတယ်။
မိဘနှစ်ပါးလုံးက သရုပ်ဆောင်တွေဖြစ်ပေမယ့် မွေးစားကလေး ၄ယောက်ကော သားသမီးအရင်း ၃ယောက်ကော သရုပ်ဆောင်အလုပ်ကို စိတ်မ၀င်စားကြပါဘူးလို့ Jolie ကပြောထားပါတယ်။
ကလေးတွေအများကြီးနဲ့ မတူညီတဲ့ဘာသာစကားတွေကို ပြောနေရတာဟာ ကျွန်မအတွက်တော့ တကယ်ကိုပီတိဖြစ်ရတယ်လို့လည်း ချစ်ချစ်ခင်ခင်ရှိကြတဲအတွက်လဲ ကျေနပ်ရပါတယ် လို့ Radio 4's Womans Hour အသံလွှင့်အစီအစဉ်မှာ ဖြေကြားသွားခဲ့ပါတယ်။ ဘာသာစကား ၇ မျိုးကိုသင်ယူပြီး ကလေး ၇ ယောက်နဲ့နေရတာ ကျွန်မအိပ်မက်ပါလို့လဲ Jolie ကပြောသွားပါသေးတယ် ။