သူငယ်ချင်းထံ စာကူးရန် သွားသူ အမျိုးသမီးငယ်ကို တစ်ရပ်ကွက်တည်းနေသူက သားမယားပြုကျင့်
16 Jun 2016 1,449 Views

ရွှေပြည်သာမြို့နယ်တွင် သူငယ်ချင်းထံစာကူးရန် သွားသူ အမျိုးသမီးကို တစ်ရပ်ကွက်တည်းနေ အမျိုးသားက သားမယားပြုကျင့်ခဲ့မှုကို သက်ဆိုင်ရာက ဇွန် ၁၃ ရက်တွင် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။ ဇွန် ၁၁ ရက် နံနက် ၁၀ နာရီခန့်တွင် အင်းစိန်မြို့နယ်နေ အသက် ၄၉ နှစ်အရွယ်အမျိုးသမီးတစ်ဦးက သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ရာ၌ အသက် ၁၄ နှစ်အရွယ်သမီးဖြစ်သူသည် သူငယ်ချင်းထံသို့ စာကူးရန် သွားမည်ဟုပြော၍ ထွက်သွားခဲ့ရာ မွန်းလွဲ ၁ နာရီအထိ ပြန်ရောက်မလာကြောင်းဆိုသည်။
ဖုန်းဖြင့် ဆက်သွယ်ရာ သူငယ်ချင်းနှင့် အတူရှိနေကြောင်း နေအိမ်သို့ပြန်မည်ဖြစ်ကြောင်း ပြောဆိုပြီး ရောက်လာခဲ့ခြင်း မရှိဘဲ ညနေ ၆ နာရီအချိန်တွင် ပြန်ရောက်လာခဲ့သည်။ စုံစမ်းချက်အရ တစ်ရပ်ကွက်တည်းနေ သူ(၁၉ နှစ်)က ဘိုကုန်းကားမှတ်တိုင်မှ သာဓုကန်ဘုရားအနီးရှိ တည်းခိုခန်းတစ်ခုသို့ခေါ်သွားပြီး သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ပြောပြသိရသည်ဆိုကာ အရေးယူပေးရန် တိုင်ကြားခဲ့သည်။ ရွှေပြည်သာမြို့မ ရဲစခန်းက(ပ)၅၈၅/၁၆ ပြစ်မှုပုဒ်မ ၃၇၆/ ၃၆၃ အရ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။
Credit : http://myanmar.mmtimes.com/