အိမ်ထောင်ရှိလျက်နဲ့ အသက်(၁၇) အရွယ် မိန်းကလေးကို လိမ်လည် လက်ထပ်သူ
14 Jun 2016 1,448 Views

အိမ်ထောင်ရှိခြင်းကို ဖုံးကွယ်ကာ အသက်(၁၇)နှစ်အရွယ် မိန်းကလေးကို လိမ်လည် ပေါင်းသင်းခဲ့သည့် အသက် (၂၁) အရွယ် အမျိုးသားကို တစ်လင် တစ်မယားဥပဒေဖြင့် ဇွန်လ ၁၂ ရက်က အမှုဖွင့် အရေးယူခဲ့ ကြောင်း သတင်းရရှိသည်။
ဧရာဝတီတိုင်း လပွတ္တာမြို့ နယ်ရှိ တောင်ယာချောင်း ကျေးရွာ နေ အသက်(၁၇)နှစ်အရွယ် မိန်း ကလေးကို လွန်ခဲ့သည့် နှစ်လခန့် က အမျိုးသားတစ်ဦးက ဖုန်းမှ တစ်ဆင့် ခင်မင်လိုကြောင်း ပြော ဆိုဆက်သွယ်ခဲ့ပြီး နောက်ပိုင်း တွင် သမီးရည်းစားအဖြစ် ချစ် ကြိုက်ခြင်းဖြစ်ကြောင်း ရဲစခန်း၌ လာရောက်တိုင်တန်းသည့် တိုင် ချက်အရ သိရသည်။
ထို့နောက် မိန်းကလေးငယ် သည် လှိုင်သာယာမြို့နယ် ညောင်ရွာကျေးရွာနေ အဆိုပါအမျိုးသားနှင့် တွေ့ဆုံရန် ဇွန်လ ၄ ရက်က လှိုင်သာယာမြို့နယ် (၂၀)ရပ်ကွက်နေ အဒေါ်တော်စပ်သူ နေအိမ်သို့ ရောက်ရှိခဲ့ပြီး ဇွန်လ ၆ ရက်တွင် သွားရောက်တွေ့ဆုံရာ အသက်(၂၁)နှစ်အရွယ် ဝင်းကိုက ရုံးရှေ့မှတ်တိုင်အနီးရှိ တည်းခိုခန်းတစ်ခု၌ သားမယားအဖြစ် ပေါင်းသင်း နေထိုင်ခဲ့ကြောင်း သောင်ကြီးနယ်မြေရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆို သည်။
ထို့နောက် ဝင်းကိုက အသက်(၁၇)နှစ်အရွယ် မိန်းကလေးကို တောင်ငူမြို့သို့ ကားဖြင့် ခေါ် ဆောင်ပြီး သားမယားအဖြစ် ထပ်မံပေါင်းသင်းခဲ့ကာ မိန်းကလေးက တရားဝင် လက်ထပ်ပေါင်း သင်းရန်ပြောဆိုရာ ဝင်းကိုက ၎င်းတွင် တရားဝင်ဇနီးနှင့် သမီးတစ်ယောက်ရှိကြောင်း ပြောပြသိခဲ့သဖြင့် တစ်လင်တစ်မယား ဥပဒေဖြင့် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ် ကြောင်း ၎င်းကရှင်းပြသည်။
‘‘ကောင်မလေးကတော့ အခု လပွတ္တာကိုပြန်သွားပြီ။ တရားခံကို စစ်ဆေးကြည့်တော့လည်း သူ့မှာ လက်ရှိပေါင်းနေတဲ့ မိန်းမနဲ့ ကလေးရှိတယ်လို့ ပြောပါ တယ်။ အခုတော့ ကျွန်တော်တို့ ရမန်ယူထားပါတယ်’’ဟု ၎င်းက ဆိုသည်။
အသက်မပြည့်သေးသည့် (၁၇)နှစ်အရွယ် မိန်းကလေးကို လိမ်လည်ကာ သားမယားအဖြစ် ပေါင်းသင်းနေထိုင်သည့် အသက်(၂၁)နှစ်အရွယ် ဝင်းကိုဆိုသူကို သောင်ကြီး နယ်မြေရဲစခန်းက တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၇ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။