မြန်မာဝတ်စုံလေးတွေ ဝတ်ပြီး ရွှေတိဂုံဘုရားသွားခဲ့တဲ့ Badkiz အဖွဲ့
13 Jun 2016 1,455 Views
Inno City Love Sharing Concert အတွက် မြန်မာနိုင်ငံသို့ ရောက်ရှိလာကြတဲ့ ကိုရီးယား K-pop အဖွဲ့များထဲမှ Badkiz အဖွဲ့ကတော့ ဖျော်ဖြေပွဲပြီးနောက်နေ့မှာ ရွှေတိဂုံဘုရားသို့ သွားရောက်ဖူးမျှော်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာဝတ်စုံလေးတွေကို ဝတ်ဆင်ထားတဲ့ Badkiz အဖွဲ့ကတော့ အရမ်းကို လှပနေပါတယ်။ ဘုရားဖူးပြီး အပြန်မှာလည်း နေ့လယ်စာ မြန်မာထမင်းဟင်းများ စားခဲ့ကြပြီး ရန်ကုန်မြို့ရှိ မြန်မာပလာဇာကိုလည်း သွားရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။Credit:Duwun