သုံးစွဲသူ၏ profile မှ ဓာတ်ပုံများကို Facebook ဖျက်ပေးမည်
10 Jun 2016 1,526 Views

Facebook သည် သုံးစွဲသူ၏ account တွင် မေ့လျော့ခံထားရသော ဓာတ်ပုံများ သို့မဟုတ် ရှိမှန်းပင်မသိသော ဓာတ်ပုံများကို ဖျက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် Facebook ဓာတ်ပုံကဏ္ဍ၌ တစ်ကိုယ်ရေ “Synced” သို့မဟုတ် “Synced from Phone” တို့ပါဝင်သည်။
၂၀၁၂ ခုနှစ်တွင် Facebook သည် သုံးစွဲသူ၏ ဖုန်းမှဓာတ်ပုံများအား private album သို့ အလိုအလျောက် တင်နိုင်ရန် photo sync feature ကို မိတ်ဆက်ခဲ့သည်။ ကုမ္ပဏီအနေဖြင့် သုံးစွဲသူများက နောက်ပိုင်းတွင် ဓာတ်ပုံများကို အွန်လိုင်း၌ဝေမျှနိုင်ရန် လွယ်ကူအောင် ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် Facebook သည် Moments app ကို download ပြုလုပ်၍သုံးစွဲခြင်းကို အားပေးလိုသောကြောင့် ပြီးခဲ့သည့်နှောင်းပိုင်းမှစ၍ ၎င်း feature ကို စတင် ရုပ်သိမ်းနေပြီ ဖြစ်သည်။
ဇူလိုင်လ ၇ ရက်မတိုင်မီ သုံးစွဲသူက Moments app သို့ ဓာတ်ပုံများလွှဲပြောင်းခြင်း မရှိသေးပါက Synced folder တွင်ကျန်ရစ်ခဲ့သော မည်သည့်ဓာတ်ပုံမဆို Facebook မှ ဖျက်ပစ်မည်ဖြစ်ကြောင်း သိရသည်။ Moments ကို အသုံးမပြုချင်သူများအနေဖြင့် ကွန်ပျူတာတွင် ဖိုင်များကို download ပြုလုပ်၍ ဓာတ်ပုံများ သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။
၂၀၁၅ ခုနှစ် ဇွန်လတွင် ထွက်ရှိလာသော Moments တွင် ပြောင်းလဲမှုအနည်းငယ်ပြုလုပ်ထားသော အလားတူ auto-sync ပါဝင်လာသည်။ ၎င်းသည် သုံးစွဲသူ၏ Facebook သူငယ်ချင်းများကို ရှာဖွေနိုင်ရန်နှင့် မျက်နှာများကို ခွဲခြားပေးနိုင်ရန်အတွက် ဓာတ်ပုံများကို scan ပြုလုပ်ပေးမည် ဖြစ်သည်။ Moments တွင် ပွဲများနှင့်ဆိုင်သည့် ဓာတ်ပုံများအား tag ပြုလုပ်ခံထားရသူထံသို့ တိုက်ရိုက်ဝေမျှပေးနိုင်မည် ဖြစ်သည်။Credit: Colay News