Zootopia နောက်ဆက်တွဲကား လာနိုင်ခြေရှိတယ်
09 Jun 2016 1,355 Views
Disney ရဲ့ ဝင်ငွေစံချိန်တောက်လျှောက်ချိုးလာတဲ့ Zootopia ဟာ နောက်ဆက်တွဲကား sequel တွေလာနိုင်တယ်လို့ ဒါရိုက်တာတွေကပြောကြားခဲ့ပါတယ်။ “Disney မှာလုပ်ရတာ စိတ်ဝင်စားဖို့ကောင်းတယ်။ တစ်ကားလောက်ရိုက်ပြီး အောင်မြင်ခဲ့တယ်ဆိုရင် အဲရုပ်ရှင်ဟာ ကိုယ်တွေထက်ကို ကြီးကျယ်ခမ်းနားသွားပြီ။ Disney မှာလုပ်ရတာ ကောင်းတဲ့အချက်က အဲရုပ်ရှင်တွေဟာ Theme Park လည်ဖြစ်ချင်ဖြစ်သွားမယ်။ ရုပ်ရှင်ဆိုတဲ့ virtual မဟုတ်ဘဲ တကယ့်အစစ်အမှန်ဖြစ်လာတာကိုပြောတာ။ ဒါမှမဟုတ် နောက်ဆက်တွဲကားလည်းဖြစ်နိုင်တယ်။ ဒါမှမဟုတ် အဲဇာတ်လမ်းနဲ့ပတ်သက်တဲ့ အခြားဟာတွေကိုလည်းပြောပြနိုင်တယ်။
အခုရုပ်ရှင်က မိနစ် ၉၀ ပဲကြာတာ။ အထဲမှာ ကျွန်တော်တို့ပြောပြ ပြသခဲ့တာတွေအများကြီးပဲ။ ကျွန်တော်တို့ဆွေးနွေးဖြစ်ခဲ့တာလည်း အများကြီးပဲ။ ပတ်ဝန်းကျင်အကြောင်းတွေပြောတယ်။ တိရစ္ဆာန်အကြောင်းတွေပြောဖြစ်တယ်။ ရုပ်ရှင်ထဲမှာ တွားသွားသတ္တဝါနဲ့ ငှက်တွေတစ်ကောင်မှမပါတာ အဓိကပြောဖြစ်တယ်” လို့ ပူးတွဲဒါရိုက်တာ Byron Howard က ပြောခဲ့ပါတယ်။ Zootopia အတွက် Budget $150 million အထိအသုံးပြုခဲ့ပြီး Box Office ဝင်ငွေ $1 Billion အထိပြန်လည်ရရှိခဲ့တာကြောင့် အတော်ဝင်ငွေကောင်းခဲ့တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ Zootopia နောက်ထပ်ထွက်လာရင်ကော ပိတ်သတ်ကြီးကြည့်ချင်သေးကြရဲ့လားဗျ။
credit : DatshinReviews/?fref=nf