သမ္မတ အိုဘားမား၏ “The Tonight Show” အစီစဉ်တွင် Madonna ပါဝင် ဖျော်ဖြေသွားမည်
09 Jun 2016 1,359 Views
ကမ္ဘာကျော်အဆိုတော် Madonna ဟာ အစီစဉ်မှူး ဂျင်မီဖာလွန်၏ နိုင်ငံရေးရာအကြောင်း ဆွေးနွေးပြောကြားမည့် ဇွန် ၉ရ က်ည “The Tonight Show” အစီစဉ်တွင် ကြားဖြတ် ဖျော်ဖြေပေး သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ “The Tonight Show” အစီစဉ်တွင် အိုဘားမားသည် ပထမဆုံးအကြိမ်အဖြစ် ပါဝင်ဆွေးနွေး သွားမည်ဖြစ်သည်။
၂၀၁၅ ခုနှစ် ဧပြီလက “The Tonight Show” အစီစဉ်တွင် “Bitch I’m Madonna” တေးသီချင်းဖြင့် နောက်ဆုံးအကြိမ် ပါဝင် ဖျော်ဖြေခဲ့သည်။ Madonna ဟာ မကြာသေးမီက ၂၀၁၆ ဘေလ်ဘုတ် တေးဂီတဆုပေးပွဲတွင် အမေရိကန် အဆိုတော်ကြီး ပရင့်စ်ကို ဂုဏ်ပြုသည်အနေဖြင့် “Nothing Compares 2 U” နှင့် “Purple Rain” တေးသီချင်းတို့ကို သီဆို ဖျော်ဖြေခဲ့သည်။ ဂျင်မီဖာလွန် အစီစဉ်မှူးအဖြစ် ဆောင်ရွက်နေစဉ်အတွင်း အိုဘာားမားသည် Jimmy Kimmel Live အစီစဉ် ၊ ဒေးဇစ် လက်တာမန်၏ Late Show အစီစဉ် ၊ The Daily Show အစီစဉ်နှင့် The Colbert Report အစီစဉ်တို့တွင် ပါဝင်ခဲ့သော်လည်း ဖာလွန်၏ “The Tonight Show” အစီစဉ်သို့ လာရောက်ဆွေးနွေးခဲ့ခြင်း မရှိပေ။ သမ္မတကတော် မီရှဲလ်အိုဘားမားသည် “Evolution of Mom Dancing” အစီစဉ် အပါအ၀င် “ The Tonight Show” အစီစဉ်တွင် ပါဝင်ဆွေးနွေးခဲ့သူတစ်ဦးလဲ ဖြစ်သည်။Credit:Mizzima