မီးနီဖြတ်တဲ့ အဖေကို ရဲတိုင်တဲ့ ခြောက်နှစ်သား
04 Jun 2016 1,541 Views
အဖေဖြစ်သူက မီးနီဖြတ်မောင်းတာကို ၆ နှစ်အရွယ်သားဖြစ်သူက တိုင်ခဲ့တဲ့ဖြစ်ရပ်တစ်ခု အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် ကွိင်စီမြို့မှာ ဖြစ်ပွားခဲ့ပါတယ်။ အသက် ၆ နှစ်အရွယ် Robert Richardson ဟာ ကားကောင်းကောင်း မမောင်းတတ်ပေမဲ့ မီးနီဖြတ်မမောင်းရဘူး ဆိုတာကိုတော့ သိပါတယ်။
သူ့အဖေဟာ မီးနီကို ဖြတ်မောင်းခဲ့တာကြောင့် ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ၉၁၁ ကိုဖုန်းဆက်ကာ တိုင်ကြားခဲ့ပါတယ်။ ကွိင်စီမြို့ ရဲဌာနကလည်း Robert ရဲ့တိုင်ကြားမှုကို သူတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြခဲ့ပြီး သူ့အဖေဟာ ကားရေသွားဆေးတုန်း လမ်းမှာ မီးနီဖြတ်ခဲ့ကြောင်း Robert က ပြောခဲ့တယ်လို့ ဆိုပါတယ်။
အဖေဖြစ်သူနဲ့ တိုက်ရိုက်ဖုန်းပြောမယ်လို့ ပြောတဲ့အခါ အဖေဖြစ်သူက ရောက်လာပြီး သူ့သားက ငါးနှစ်သားပဲရှိသေးတာမို့ တောင်းပန်ကြောင်း ပြောပါတယ်။ ဒါပေမဲ့ ရဲဌာနက သူ့သားဟာ မီးနီဖြတ်တာကို တိုင်နေကြောင်းပြောတဲ့အခါ သူ့သားလုပ်ရပ်ကို သဘောကျကာ ရယ်နေခဲ့တယ်လို့ ဆိုပါတယ်။ Credit:Duwun