မတင်မိုးလွင်ကို အတုယူပြီး အမွေ ဆက်ခံနိုင်အောင်လုပ်မယ်ဆိုတဲ့ အလှမယ် ဂုဏ်ရည်အေးကျော်
03 Jun 2016 1,444 Views

မြန်မာ့ဂုဏ်ဆောင်အလှမယ်တစ်ဦးဖြစ်တဲ့ ဂုဏ်ရည်အေးကျော်က နောက်ထပ်ပြိုင်ပွဲတွေကို ဝင်မပြိုင်တော့ဘဲ MC တစ်ယောက်အဖြစ်သာ ရပ်တည်သွားမယ်လို့ ဆိုပါတယ်။
.jpg)
" ဂုဏ်ရည် နောက်ထပ်ဘယ်ပြိုင်ပွဲမှာ မပြိုင်တော့ပါဘူး။မတင်မိုးလွင်ကို အတုယူပြီးတော့ သူရဲ့ အမွေကို ဆက်ခံနိုင်သူတစ်ဦး ဖြစ်အောင် MC တစ်ယောက်အနေနဲ့ပဲ ရပ်တည်သွားမယ်လို့ဆုံးဖြတ်ထားပါတယ်"လို့ သူမက ဆိုပါတယ်။
အလှမယ် ဂုဏ်ရည်အေးကျော်ကလည်း အခုအချိန်မှာ ဘဝလက်တွဲရမယ့် သူကို တွေ့နေပြီလို့ သိရပါတယ်။ အနုပညာအသိုင်းအဝိုင်းထဲက မဟုတ်ဘဲ အပြင်ကလို့ ဆိုပါတယ်။