ဗိုလ်အောင်ကျော်လမ်း ယာဉ်ထိန်းရဲကင်းတွင်း အမျိုးသားအလောင်းတွေ့ရှိ
03 Jun 2016 1,481 Views

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ ယာဉ်ထိန်းရဲကင်းအတွင်း၌ သေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းကို ယနေ့(ဇွန် ၃ရက်)နံနက်ပိုင်း တွင် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ "ယာဉ်ထိန်းရဲကင်းထဲမှာ သေနေတာလို့ သိရပါတယ်။ ဒဏ်ရာတွေလည်း မရှိဘူးလို့ သိရပါတယ်။ဆေးရုံပို့ပြီး စစ်ဆေးနေပါတယ်"ဟု ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
Credit : https://www.facebook.com/7daynews/