BEC-TERO TV

ဘီကီနီဝတ်စားပွဲထိုးမလေးတွေက ပုဇွန်အခွံနွှာပေးမယ့်စားသောက်ဆိုင်

03 Jun 2016     1,448 Views


တရုတ်ရိုးရာ စားသောက်ဆိုင်တစ်ခုဖြစ်တဲ့ Shenyang restaurant စားသောက်ဆိုင်ရဲ့ ဖောက်သည်တွေအပေါ်ပေးတဲ့ဝန်ဆောင်မှုဟာ လက်တလော အင်တာနက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားခဲ့ပါတယ်။ ပင်လယ်စာကို အဓိကထားရောင်းချတဲ့ Shenyang စားသောက်ဆိုင်မှာ ဘီကီနီဝတ်စားပွဲထိုးမလေးတွေက ဧည့်သည်တွေ မှာယူစားသောက်တဲ့ပုဇွန်နဲ့ ငါးဟင်းလျှာတွေကို အရိုး/အခွံ နွှင်ပေးတဲ့ ၀န်ဆောင်မှု စတင်ခဲ့ပါတယ်။ ဒါပေမယ့် Free နွှင်ပေးတာတော့ မ ဟုတ်ပါဘူး။ အဆိုပါ ၀န်ဆောင်မှုကို ရယူချင်ရင် ကဏန်းတစ်ကောင်လျှင် 10 RMB ကျသင့်တယ်ဆိုပါက နောက်ထပ်အပိုထပ်ဆောင်းငွေ 5 RMB ကို ၀န်ဆောင်မှုခအဖြစ် ပေးဆောင်ရမှာ ဖြစ်ပါတယ်။

Shenyang စားသောက်ဆိုင်ဟာ ယခင်နှစ်ကလည်း Singles’ Day အထိမ်းအမှတ်အဖြစ် အဖော်အချွတ် စားပွဲထိုးမလေးတွေနဲ့ ဧည့်သည်တွေကို ၀န်ဆောင်မှုပေးခဲ့လို့ Shameless Promotion လို့ ကင်ပွန်းတပ်ခံခဲ့ရသလို အဆိုပါ ၀န်ဆောင်မှုမျိုးကိုလည်း စားသောက်ဆိုင်တွေက ၀န်ဆောင်မှုအပြိုင်ပေးတဲ့အနေနဲ့ တုပပြိုင်ဆိုင်ခဲ့လို့ ဂယက်ရိုက်ခဲ့ပါသေးတယ်။ ဒါ့အပြင် အရှက်ကင်းမဲ့စေတဲ့ ၀န်ဆောင်မှုတွေကို ပြုလုပ်ပေးရခြင်းကြောင် Shenyang စားသောက်ဆိုင်မှ ငယ်ငယ်ရွယ်ရွယ် အမျိုးသမီးဝန်ထမ်းအချို့ဟာ နှုတ်ထွက်ခဲ့ကြပါသေးတယ်။

ဒါပေမယ့် အဆိုပါ ၀န်ဆောင်မှုဟာ ဖောက်သည်တွေတိုးပွားလာစေမှုကိုတော့ အထောက်အကူပြုခဲ့ပါတယ်။ ငါး၊ ပုဇွန်၊ ကဏန်း စတာတွေကို ၀န်ဆောင်မှု ပေးခြင်းအပြင်ဖောက်သည်တွေရဲ့ ပါးစပ်ထဲအထိ ခွံ့ကျွေးတဲ့ ၀န်ဆောင်မှုလည်း Shenyang စားသောက်ဆိုင်မှာ ရနိုင်တယ်လို့ သိရပါတယ်။

Shenyang စားသောက်ဆိုင်ကို တရုတ်နိုင်ငံ Liaoning စီရင်စု၊ Tiexi ရပ်ကွက်မှာ ပြီးခဲ့တဲ့နှစ် ဇွန်လ 19 ရက်န့က စတင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဖွင့်စက အမျိုးသားစားပွဲထိုးတွေကိုပါ အပေါ်ပိုင်း ဗလာကျင်းနဲ့ ၀န်ဆောင်မှု ပေးစေခဲ့တယ်လို့လည်း သိရပါတယ်။ လက်ရှိအချိန်ထိတော့ အဆိုပါအရှက်ကင်းမဲ့သော အရောင်းမြှင့်တင်မှုအတွက် စည်းကမ်းပိုင်းတင်းကြပ်သည်ဟု နာမည်ကြီးသော တရုတ်အစိုးရရဲ့ အရေးယူတုန့်ပြန်မှုကို ကြားသိရခြင်း မရှိသေးပါဘူး။ Credit:Shwemom


03 Jun 2016     1,448 Views




RELATED

Most Popular of International News

Most Popular of NEWS