BEC-TERO TV

လူမျိုးရေးခွဲခြားတယ်လို့ စွပ်စွဲ ခံနေရတဲ့ ပြင်သစ် ဘောလုံးအသင်း နည်းပြ ဒက်ခ်ျကမ့်

02 Jun 2016     1,454 Views


ဘန်ဇီးမားနဲ့ ဘင်အာဖာ တို့နှစ်ယောက်စလုံးဟာ ပြင်သစ်လူစာရင်းမှာ အရွေးချယ်မခံခဲ့ရပြီးနောက်ပိုင်း ဒက်ခ်ျကမ့်အပေါ် ဝေဖန်တဲ့ အသံတွေကတော့ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့တာပါ။
 
မာကာနဲ့ အင်တာဗျူးမှာတော့ ဘန်ဇီးမားက "ကျနော်က ကိုယ့်နိုင်ငံအတွက် ကစားပေးချင်တာပေါ့ဗျာ ဒါပေမယ့် မဖြစ်နိုင်တော့ပါဘူး။ အိမ်ကွင်းပရိသတ်တွေရှေ့မှာ ယူရိုပွဲမျိုးဆင်နွဲခွင့်မရတာဆိုတော့ ပိုပြီးနာကြင်မိတာပေါ့။ တော်တော့်ကို စိတ်ပျက်မိပါတယ် ကျနော်ဖြင့် ဒက်ခ်ျကမ့်ကို အခုလို လူမျိုးရေးခွဲခြားတဲ့ လူတစ်ယောက်လို့ ထင်မထားဘူးဗျာ။ အပြင်က ဖိအားပေးတဲ့ သူတွေကြောင့်လဲ ဖြစ်မှာပါ" လို့ ပြောဆိုသွားခဲ့ပါတယ်။
 
မန်ယူ ကစားသမားဟောင်းကြီး ကန်တိုနာကလဲ သူတို့ နှစ်ဦးကို မရွေးချယ်တာနဲ့ ပတ်သက်ပြီး "ဒက်ခ်ျကမ့်ဆိုတာကိုက ပြင်သစ်နာမည် စစ်စစ်လေဗျာ သူက သူ့လိုလူမျိုးတွေအတွက်ပဲ နေရာပေးချင်ပေးမှာပေါ့။ ကျနော်ကတော့ ဘန်ဇီးမားကို ဒီလိုအနေအထားမျိုးမှာ မရွေးတာ မအံ့သြပါဘူး။
 
ဘင်အာဖာကတော့ လတ်တလော ပြင်သစ်လီဂူးရဲ့ အကောင်းဆုံး ကစားသမားတစ်ယောက်လို့ ဆိုလို့ရနေတာတောင် သူ့ရဲ့ လူမျိုးရေးဆိုင်ရာ အနေအထားကြောင့်လို့ ထင်ပါတယ်" လို့ မှတ်ချက်ပေးထားပါတယ်။
ဘင်အာဖာဟာ ဒီရာသီ လီဂူးပွဲဉ် 33 ပွဲမှာ 17 ဂိုးအထိ သွင်းယူပေးခဲ့သလို ဘန်ဇီးမားကလဲ နိုင်ငံအတွက် 81 ပွဲကစားပြီး 27 ဂိုးသွင်းယူပေးထားသူတွေ ဖြစ်ပါတယ်။
 

02 Jun 2016     1,454 Views




RELATED

Most Popular of International News

Most Popular of Sport