BEC-TERO TV

မီဇိုရမ်တွင် မြန်မာနိုင်ငံသားတစ်ဦး ပေ ၂၀ ခန့်မြင့်သည့် အိမ်ခေါင်မိုးပေါ်မှ ပြုတ်ကျ

26 May 2016     1,422 Views


ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့က မီဇိုရမ်ပြည်နယ် မြို့တော်အိုက်ဇောလ်တွင် လက်သမားအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသော မြန်မာနိုင်ငံ သားတစ်ဦး ပေ ၂၀ ခန့်မြင့် သည့် အိမ်ခေါင်မိုးပေါ်မှ မတော်တဆပြုတ် ကျကာ ပြင်းထန် စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ မြန်မာနိုင်ငံသားတစ်ဦးမှာ စစ်ကိုင်းတိုင်၊ ရွှေဘိုခရိုင် ဒီပဲယင်းကျေးရွာ မှ အသက် (၄၅) ခန့်ရှိ ဦးထွန်းမှီ ဖြစ်ပြီး မီဇိုရမ်ပြည်နယ်တွင် ရောက်ရှိ အလုပ် လုပ်ကိုင်နေ သည်မှာ အနှစ် (၂၀) ခန့်ရှိနေပြီဖြစ်သည်။ အခင်းဖြစ်ပွားပုံမှာ “ဦးထွန်းမှီသည် ပေ ၂၀ ခန့်ရှိသည့် အိမ်ခေါင်မိုးတွင် တက်ပြီး သွတ်မိုးရာမှ မတော်တဆ လမ်းမပေါ်ကို ပြုတ်ကျ တာဖြစ် တယ်။

ပြုတ်ကျချင်းချင်းတော့ သတိမိသွားတယ်။ ဆေးရုံကို အချိန်မှီပို့လို သူအသက်မသေတာ” ဟု မြန်မာလူမှုရေးအသင်း အတွင်းရေးမှူး ဦးဇော်ထွန်း က ပြောပါတယ်။ ဆက်လက်ပြီး “ဘယ်ဘက်လက်အရိုး ကျေသွားတယ်။ ဘယ်ဘက်ခါး လည်း တော်တော်ဒဏ်ရာပြင်ထန်းတယ်” လို့ ဆက်ဆိုပါသည်။ ယခုလို အိမ်ခေါင်မိုးပေါ်မှ မတော်တဆပြုတ်ကျသည့် ဦးထွန်းမှီ သည် ဆွေမျိုး သား ချင်းမရှိသောကြောင့် အိုက်ဇောလ်အခြေစိုက် မြန်မာ လူမှုရေးအသင်းမှ တာဝန်ရှိသူများက တတ်နိုင်တဲ့ ဘက်မှ လိုက်လံကူညီခဲ့ကြသည့်အပြင် လိုအပ် သည့် ဆေးဝါးဖိုးများကို အိမ်ရှင်က ကူညီ ထောက်ပံ့ပေးခဲ့ကြောင်း သိရ သည်။

Credit : thithtoolwin.com/


26 May 2016     1,422 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS