ပရိတ်သတ် တွေ အတွက် နှာခေါင်းကို ခွဲစိတ်ပြုပြင်မယ့် ဘေဘီမောင်
19 May 2016 1,723 Views

အနုပညာ သမားတိုင်းဟာ ပရိသတ်တွေ အပေါ် အမြဲတမ်း ဆွဲ ဆောင် ဖမ်းစားနိုင်ဖို့ ပကတိ အလှတရားထက် ပိုအားကောင်း တဲ့ စစ်မှန်တဲ့ အလှတရား ရှိနေရမှာ ဖြစ်လို့ အလှအပ အပေါ် အဓိကထား ဂရုစိုက် ထိန်းသိမ်းကြလေ့ ရှိနေကြပါတယ်။ သ ရုပ်ဆောင် မော်ဒယ်လ် ဘေဘီမောင် ကတော့ အလှအပ အပေါ် အလှ အယဉ်ဆင့် လိုတဲ့စိတ်ရဲ့စေ့ဆော်မှုကြောင့် အလိုချင်ဆုံးအလှ တရား ကို ပုံဖော်နိုင်အောင် နှာခေါင်းခွဲစိတ် ပြုပြင်ကာ ပိုမို အသက်ဝင်စေတဲ့ အလှ တရားမျိုး ပိုင်ဆိုင် လိုကြောင်း ပြောပါတယ်။
“အလှအပဟာ မိန်းကလေး တိုင်းအတွက်တင် မဟုတ်ဘဲ ယောက်ျားလေး တွေ အတွက်ပါ အင်မတန် အရေးကြီး ပါတယ်။ ခုခေတ်မှာ ဆိုရင် အဓိကက တော့ မျက်နှာ အလှကိုအားလုံး ဂရုတစိုက်ရှိကြ တယ်။ ပြင်စရာရှိတာတွေ ပြင်လာ ကြတယ်။ ဒါကလည်း လှချင်တယ် ဆိုတဲ့ စိတ်ကြောင့်ပဲ လုပ်နေကြတာ လေ။ ကိုယ့်မျက်နှာလေး လှနေဖို့ ခွဲစိတ်တာမျိုးတွေ သဘာဝ အရ ပြုပြင်တာ မျိုးတွေ လူတိုင်း လုပ်နေ ကြတယ်။ အမှန်အတိုင်း ပြောရရင်တော့ ညီမက အလှ အပကို သိပ်ပြီး စိတ်ဝင်စားသူ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ် အနုပညာ အလုပ် လုပ်နေတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်တယ် လေ။ ညီမ မျက်နှာမှာပြင်ချင်တာ တစ်ခု ရှိတယ်။ အဲဒါနှာခေါင်းပါ။ ညီမနှာခေါင်း က လှတဲ့ထဲမှာ မပါ ဘူး။ နှာခေါင်း ထိပ်ပွနေတယ်။ နှာခေါင်း ချွန်ချွန်လေးဖြစ်အောင် ညီမ ပြင်ချင်တယ်။ ပရိသတ် ကို မလိမ် ဘဲ ပြောရရင် ညီမနှာခေါင်းခွဲ စိတ်မှာပါ။ အချိန် တစ်ခုကို စောင့် နေတာပါ။ အခု လောလောဆယ် တော့ ခွဲစိတ်နိုင်ဦး မှာ မဟုတ်ပါဘူး။ ဒါကိုလည်း သာမန် မိန်းကလေးဆို မလုပ်ပါဘူး။ အနုပညာရှင်ဖြစ်တဲ့ အတွက်ကြောင့် လုပ်တာပါ။ ညီမကို တချို့ လူတွေ က နှာခေါင်း ခွဲစိတ် ထားတယ်လို့ ထင်ကြ တယ်။ ဘာလို့လဲ ဆိုတော့ ညီမ ငယ်ငယ်က ချော်လဲ တာ နှာခေါင်း ကျိုးတယ်။ နှာခေါင်း စောင်း သွား လို့ အော်ပရေးရှင်း ဝင်ထားရပါ သေးတယ်။ ခုကျမှ တကယ်နှာခေါင်း ခွဲစိတ် တော့မှာပါ”လို့ ပြောပါတယ်။
ခွဲစိတ်ပြုပြင်ရင် ဆိုးကျိုးတွေရှိ လာမှာ သိပေမယ့် လည်း ပရိသတ်ကို အလှအပ နဲ့ ပတ်သက်ပြီး မက်ဆေ့ခ်ျ ပေးရမယ် ဆိုတဲ့ စိတ် တစ်ခု ကြောင့် ရရှိလာမယ့် ဆိုးကျိုးတွေ အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ် သွားမှာ ပါလို့ ဘေဘီမောင် က ပြောပါတယ်။ အလှအပ ဟာ တစ်ကိုယ် ရေသန့်ရှင်းမှု နဲ့လည်း သက်ဆိုင် ကြောင်းကို ဘေဘီမောင် က..
“ဘယ်သူ မဆို ရုပ်ကလေး၊ ခန္ဓာကိုယ်လေး အမြဲ လှပနေဖို့ထက် အဓိက အလှအပ ဆိုတာ သန့်ရှင်းမှု နဲ့လည်း ဆိုင်တယ်။ တစ်ကိုယ်ရေ သန့်ရှင်းပြီး သပ်ရပ်နေတာ ကိုလည်း အလှအပလို့ သတ်မှတ် ကြတယ် လေ။ ကျန်းမာရေး ကောင်း မှလည်း လူက အမြဲ လှပနေမှာ။ အဲဒီ အတွက် အလှအပ လို့ပြောရင် တစ်ကိုယ်ရေ သန့် ရှင်းရ မယ်၊ ကျန်းမာရမယ်။ ဒါတွေ အား လုံးက အလှ အပ နဲ့ သက်ဆိုင်တဲ့ အရာတွေ ပဲ။ အဲဒီ အတွက် ဒီအလှအပတွေ လူတိုင်းမှာ ရှိနေဖို့ အမြဲ လိုအပ် တယ်” လို့ပြောပါတယ်။ အလှအပ နဲ့ပတ်သက်ပြီး လူတိုင်းဟာ သွား ခါနီး လာခါနီးမှာပြုပြင်တာထက် နေ့စဉ် လှပကြော့ရှင်းနေ ဖို့လည်း လိုအပ်ပါ တယ်။
ဒီအတွက် အလှအပ ကို သိပ်ပြီး စိတ် မဝင်စားပါဘူးလို့ ကိုယ့် ကိုယ်ကိုယ် သတ်မှတ် ထားတဲ့ ဘေဘီမောင်က…
“အရင်တော့ ညီမသွားစရာ လာစရာ ရှိမှပဲ အလှပြင်လေ့ ရှိတာ။ ဘာမှ မပြင်ဆင်ဘဲ ပေါ့ပေါ့ပါးပါး Free စတိုင်နေရတာ တအား ကြိုက် တာ။ အခုကျတော့ ကိုယ်ကအနု ပညာ အလုပ်လုပ်နေပြီ ဆိုတော့ အလှအပကို ခံစား တတ်လာတယ်။ လှချင်လာတယ် လို့ ပြောရ မယ်။ နေ့တိုင်း ငါ့မျက်နှာကို ဘယ်လိုလေး လိမ်းမယ်၊ ဒီလိုပြင်မယ် ဆိုတာ နေ့ တိုင်းမှန် ကြည့်တိုင်း တွေးလေ့ ရှိတယ်။ တစ်နေ့နဲ့ တစ်နေ့ လှသထက် လှအောင် ပြင်လာတော့ တယ်။ မျက်နှာ ပေါင်းတင်တာ တွေ လုပ်တယ်။ သဘာဝ သစ်ဥသစ်ဖုတွေ နဲ့ လိမ်းတာတွေ ရှိတယ်။ ညီမတို့က မိတ်ကပ် အမြဲလိမ်းရတော့ ပိုပြီး မျက်နှာကို ဂရုစိုက်ရတယ်။ ကိုယ့် မျက် နှာအလှ ပျက်စီးသွားမှာ စိုးလို့ နေ့စဉ် နဲ့အမျှ ပိုပြီး ဂရုစိုက်ဖြစ်နေပါတယ်” လို့ ပြောပါ တယ်။ လူတစ်ယောက်မှာ မျက်နှာ အလှအပနဲ့ တစ်ကိုယ်ရေ သန့်ရှင်းလှပ နေဖို့ထက် အရေးကြီးဆုံး လိုအပ်တဲ့ အလှအပ တစ်ခု ရှိပါတယ်။
လူတစ်ယောက် ရဲ့ အဓိက စစ်မှန်တဲ့ အလှအပက ဘာလဲဆိုတာ ဘေဘီမောင် က..”စစ်မှန်တဲ့ အလှအပက စိတ်ပါပဲ။ စိတ် လှမှ လူလှမယ် ဆိုတဲ့ စကားလည်းရှိ တယ်။ အပြင်ရုပ်က ဘယ်လောက်ပဲ ချောမောလှပ နေပါစေ အတွင်းစိတ် မလှရင် အဲဒီရုပ်ဟာ အမြဲတမ်း အကျည်းတန် နေမှာပဲ။ မျက်နှာရဲ့ အလှဟာ ဘယ်တော့မှ မပေါ်လွင်ဘူး။ မျက်နှာ အလှဟာ တောက်ပ မနေပါ ဘူး။ မျက်နှာ မလှဘူး။ စိတ်လှနေရင် အဲဒီလူဟာ တအား ချစ်ဖို့ကောင်းတဲ့သူ ဖြစ်နေမှာပါ။ ရုပ်လှပြီး စိတ်မလှတဲ့သူ၊ စိတ်လှပြီး ရုပ်မလှတဲ့ သူတွေ အများကြီး တွေ့ဖူးပါတယ်။ စိတ်ကောင်း စေတနာရှိမှလည်း ကိုယ်လုပ်သမျှ အောင်မြင် မယ်။ ကိုယ့်ကို လူချစ်လူခင် ပေါများမယ်။ စိတ်ကောင်း ရှိဖို့က တော့ တချို့ ကျတော့လည်း မွေးရာပါ စိတ်ကောင်း ရှိ တယ်။ တချို့ကျတော့ စိတ် ကောင်း ရှိဖို့ လုပ်ယူကြ တယ်။ ဒါက လုပ်ယူ လို့ရတဲ့ အရာပါ။ တရားဓမ္မတွေ နားထောင်၊ ဘုရားစာတွေ ဖတ်၊ ပြီးတော့ ကိုယ့်အတွက် ဗဟုသုတ ရစေမယ့် စာများများ ဖတ်။ အဲဒီအခါ ကျတော့ ကိုယ့်စိတ်က ရင့်ကျက် လာမယ်။ သူများကို မုဒိတာ ပွားလာနိုင်မယ်။ စာဖတ်ခြင်း ကလည်း စိတ်ကိုပြောင်း လဲစေနိုင် ပါတယ်” လို့ ပြောပြပါတယ်။
စိတ်ရင်း လှပသလို တစ်ယောက်နဲ့ တစ်ယောက် ပြောဆို ဆက်ဆံရာမှာ လည်းယဉ်ကျေး လိမ္မာဖို့ အများနဲ့ ဖော်ရွေ ပျူငှာစွာ ဆက်ဆံ တတ် ဖို့ကလည်း အရေးကြီး ပါသေးတယ်လို့ ဘေဘီမောင်က ပြောပါတယ်။
Credit : Popular