စမ်းချောင်းမြို့ နယ်မှာ ဆေးထိုးအပ်တန်းလန်နဲ့ သေဆုံးနေတာ ဘယ်သူလဲ
17 May 2016 1,384 Views

၁၄.၅.၂၀၁၆ ရက်နေ့ ၁၆၁၀ အချိန်ခန့်တွင် စမ်းချောင်းမြို့နယ်၊ သီရိခေမာရပ်ကွက်၊ ဗဟိုလမ်းဘေး၊ ကိုးထပ်ကြီးဘုရားဝင်း၊ မင်္ဂလာဇေယျုံကျောင်း တိုက်ရှေ့တွင် အမျိုးသားတစ်ဦးသေဆုံးနေကြောင်း သတင်းအရ စမ်းချောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ အဆိုပါနေရာတွင် အသက်(၂၅)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးမှာ ၀ဲလက်မောင်းတွင် တစ်ခါသုံးဆေးထိုးအပ်တပ်ကာ မှောက်လျက်သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။
၎င်းသေဆုံးမှုနှင်ပတ်သက်၍ စမ်းချောင်းမြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၃/၂၀၁၆) ဖြင့်ရေးဖွင့် ကာ စုံစမ်းစစ်ဆေးဆောင်ရွက်လျက် ရှိပါသည်။ သေဆုံးသူအမျိုးသားမှာ ဓါတ်ပုံတွင်ဖော်ပြထားသူဖြစ်ပြီး အရပ်၅ပေ၆လက်မခန့် ရှိသူဖြစ်ကြောင်း သိရှိရပါသည်။ ၎င်းသေဆုံးသူအမျိုးသားမှာ မည်သူမည်ဝါဖြစ်ကြောင်း သိရှိနိုင်ရေးအတွက် ရဲတပ်ဖွဲ့မှ စုံစမ်းဆောင်ရွက်လျက်ရှိရာ ပြည်သူများမှလည်း သေဆုံးသူနှင့် ပတ်သက်၍ တစ်စုံတစ်ရာသိရှိပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်သတင်းပေးခြင်းဖြင့် ကူညီနိုင်ပါရန်ဖော်ပြအပ်ပါသည်---
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၂၃၀၀၇၄၇
အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၃၇၆၁၆၆
စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၅၃၅၉၀၅
စမ်းချောင်းမြို့မရဲစခန်း - ၀၁ ၅၃၅၁၈၄
Credit : thithtoolwin.com