အသက်၃၀အရွယ်နီးပါးနုပျိုနေတဲ့ အသက်၆၄နှစ်အရွယ်အမျိုးသမီး
16 May 2016 1,405 Views

အသက်၆၄နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဘွားအရွယ်အမျိုးသမီးဟာ အသက်၆၄လေးလို့မထင်မှတ်ရလောက်တဲ့ ဘော်ဒီကို ပိုင်ဆိုင်ထားပြီး နုပျိုနေပါတယ်။ သူမနာမည်က Wendy Idaဖြစ်ပြီး အသက်၄၁နှစ်အရွယ် သမီးတစ်ယောက်ရှိပါတယ်။သူမရဲ့ရုပ်ရည်ဟာ အသက်၃၀အရွယ်လောက်ကိုနုပျိုနေပါတယ်။
သူမဟာ သူမရဲ့အမျိုးသားနဲ့ လမ်းခွဲပြီးနောက်ပိုင်းမှာ စိတ်လွှဲနိုင်အောင် Gymစဆော့ခဲ့တာဖြစ်ပြီး ဒီလိုဘော်ဒီမျိုးရရှိလာခဲ့တာဖြစ်ပါတယ်။ အသက်၄၃နှစ်အရွယ်မှာ သူမရဲ့အမျိုးသားနဲ့လမ်းခွဲခဲ့တာဖြစ်ပြီး အဲ့ဒိအချိန်က သူမရဲ့ခန္ဓာကိုယ်ကလည်းဒီလောက်မလှပသေးပါဘူး။ ဒါ့ကြောင့် ထိုအချိန်ကတည်းက သူမဟာတစ်နေ့ကို၂နာရီGymဆော့ခဲ့တာလည်းဖြစ်ပါတယ်။
“ကျွန်မရဲ့ခေါင်းထဲကနေသူ့ကိုထုတ်ပစ်ချင်ခဲ့တယ်။ ဒီအတွက် ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ထွက်ပေါက်ဖြစ် ခဲ့ပါတယ်။ ကျွန်မအစက ရပ်တည်ရာမရဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မပြန်ရပ်တည်ချင်ရင် တစ်ခုခုပြောင်းလဲဖို့လိုတယ်ဆိုတာ သိခဲ့ပါတယ်။ သူမရဲ့အလေးချိန်ဟာ အစက ၁၉၆ပေါင်ရှိခဲ့ပြီး လေ့ကျင့်ခန်းတွေအပြင်းအထန်လုပ်ခဲ့တဲ့ နောက် ပိုင်းမှာတော့ ပေါင်၇၀လောက်ကျသွားခဲ့ပြီး၁၂၆ပေါင်လောက်ပဲအလေးချိန်ရှိပါတော့တယ်။“အရမ်းကိုအံ့သြဖို့ကောင်းပါတယ်။ ကျွန်မလေ့ကျင့်ခန်းစလုပ်တုန်းက အလေးချိန်ကအရမ်းများခဲ့ပေမယ့် အခုအချိန်မှာ ၁၂၆ပေါင်လောက်ပဲရှိပါတော့တယ်။ ကျွန်မအရမ်းပျော်ပါတယ်။ ကျွန်မအလိုချင်ဆုံး ခန္ဓာကိုယ်အလေးချိန်ရှိနေတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။” လို့ဆိုခဲ့ပါတယ်။
အသက်၄၃အရွယ်ဟာသူမရဲ့ဘဝအစဖြစ်ခဲ့တယ်လို့လည်းဆိုပါ တယ်။“ကျွန်မအခု၆၄နှစ်ရှိနေပါပြီ။ ဒါပေမယ့် ကျွန်မဘဝ၇ဲ့အကောင်းဆုံးအချိန်ပါပဲ။ ကျွန်မအသက်ဘယ်လောက်ရှိကြောင်းလူတွေကိုပြောရင် သူတို့က မယုံကြပါဘူး။ သူတို့ ကျွန်မရဲ့ကားမောင်လိုင်စင်ကိုကြည့်ပြီးမှ ယုံကြပါတယ်။ ကျွန်မကို အသက် ၃၀ ဝန်းကျင်ပဲထင်နေကြပါတယ်။”လို့ သူမကပြောခဲ့ပါတယ်။Credit:Shwe mom
လေ့ကျင့်ခန်းမလုပ်ခင်က သူမရဲ့ ပုံဖြစ်ပါတယ်။