BEC-TERO TV

အချစ်ဟောင်းကို ဓါးနဲ့ ရှင်းတဲ့အမှု သေဒဏ်အပြင် ထောင်ဒဏ်နှစ်နှစ်နဲ့ ခြောက်လကျခံစေဖို့ ယနေ့ အမိန့် ချ

10 May 2016     1,400 Views


ရန်ကုန် မေ ၉၊ ၊ ပြောစရာစကားမရှိတဲ့ အချစ်ဟောင်းကိုဓါးနဲ့ ထိုးလို့ နေရာမှာတင်ပွဲချင်းပြီးသေဆုံးတဲ့ ဗဟန်း မြိုနယ် နိဗ္ဗာန်ကုန်ဆိုင်ကအမှု တရားခံကို သေဒဏ်အပါအ၀င်ထောင်ဒဏ်အသီးသီးကျခံစေဖို့ အမှုစစ် တရားသူကြီးကယနေ့ ရုံးချိန်းအမိန့် ချပါတယ်။ အနောက်ပိုင်းခရိုင်တရားရုံး ဒုတိယခရိုင်တရားသူကြီး ၇ တရားခွင်မှာ ပြစ်မှုကြီးအမှုအမှတ် ၅၆/၂၀၁၅ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂/၃၂၄/၃၂၆ တို့ နဲ့ တရားစွဲတင်ပို့ ထားတဲ့ စွပ်စွဲခံရသူ စိုးမိုး ထက်(ခ) စိုးမိုးကျော်ကို ယနေ့ လည်နှစ်နာရီက ရုံးထုတ်ပါတယ်။

အမိန့် မချခင်မှာ တရားခံက အမိန့် ချမယ့်ရက်ကို ရွေ့ ပေးဖို့ တောင်းဆိုရာ အမှုစစ်တရားသူ ကြီးက ပြီးခဲ့တဲ့ရုံးချိန်းက အမိန့် ချဖို့ ရက်သတ်မှတ်ခဲ့ပြီး အမိန့် ချသေးဘဲ တစ်ပတ်နောက်ဆုတ်ပေးခဲ့ ပြီးဖြစ်လို့ထပ်မံ ရွေ့ ဆိုင်းမပေးနိုင်ကြောင်း၊ ချမှတ်တဲ့ပြစ်ဒဏ်အပေါ်မကျေနပ်ပါက အထက်ရုံးကိုအယူခံဝင်နိုင်ကြောင်း ပြောပါတယ်။ အမှုနဲ့ ပတ်သတ်ပြီး တရားလိုနဲ့ တရားလိုပြသက်သေများထွက်ချက်အရ သော်လည်းကောင်း တရားခံကိုယ်တိုင်ကျမ်းကျိန်ထွက်ဆိုချက်များအရသော်လည်း ပြစ်မှုကျူးလွန်ကြောင်းထင်ရှားလို့ ပြစ် မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂(၁)(ခ) (ကြိုတင်ကြံရွယ်လူသတ်မှု အရသေဒဏ်၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၆ (ဘေးဖြစ်စေတက်သော လက်နက်နဲ့ အပြင်းအထန်နာကျင်စေမှု) အရထောင်ဒဏ်နှစ်နှစ် ၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၂၄ (အလိုအလျောက်အပြင်းအထန်နာကျင်စေမှု)အရ ထောင်ဒဏ်ခြောက်လကျ ခံစေဖို့ အမိန့် ချပါတယ်။

အမှုမှာစွဲချက်တင်တရားခံသက်သေအဖြစ်အစစ်ခံစဉ်က လူသတ်မှုကျူးလွန်ရာမှာအသုံးပြု တဲ့ သက်သေခံထီးအရှည်တစ်လက်၊သစ်သားတုတ်ကိုမိမိယူလာကြောင်း၊ဓါးသွား ကိုလည်း ခွေးသွား စိတ်ဖြစ်အောင်အသွားပြုပြင် ထားကြောင်း၊သေသူမ.. ကပြောစရာစကားမရှိဆိုလို့ မိမိကတုတ်နဲ့ ရိုက် ခဲ့ကြောင်းနဲ့ ကျန်တာတွေကို မမှတ်မိကြောင်းထွက်ဆိုထားပါတယ်။ သေသူမ… နဲ့ မိမိတို့ သမီးရည်းစား များဖြစ်ပြီး မ… အလုပ်လုပ်တဲ့ဆိုင်ရှင်က မိမိနဲ့ မ… ကိုသဘောမတူကြောင်းပြောကာ ဆံပင်ဆွဲပါးရိုက် ခဲ့ဖူးကြောင်းကိုလည်းထွက်ဆိုထားပါတယ်။ ဒီဖြစ်စဉ်ဟာ ၂၀၁၅ ခုနှစ် သြဂုတ်လဆန်းကရွှေတိဂုံဘုရား အနီး နိဗ္ဗာန်ကုန် အရောင်းဆိုင် က အမျိုးသမီးငယ်တစ်ဦးကို အိမ်ထဲအထိဝင်ပြီး အသင့်ပါလာတဲ့ တုတ်နဲ့ ရိုက်ဓါးနဲ့ ထိုးကာ ပတ်ဝန်းကျင် ရှိလူများကိုလည်းတုတ်နဲ့ရိုက်ခဲ့လို့  သက်ဆိုင်ရာရဲတပ်ဖွဲ့ က လူသတ်မှု ၊အပြင်းအထန်နာကျင်စေမှု စတဲ့ပုဒ်မတွေနဲ့ သက်ဆိုင်ရာရဲတပ်ဖွဲ့ ကတရားစွဲတင်ပို့ ခဲ့တာဖြစ်ပါတယ်။

Credit ; thithtoolwin.com


10 May 2016     1,400 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS