BEC-TERO TV

သရဲ ၊ တစ္ဆေ ကိုယ်တယ်လို့ နာမည် ကြီး ဖုန်း တစ်လုံးရဲ့ သတင်း ဂယက်

09 May 2016     1,483 Views


သရဲ ၊ တစ္ဆေ ၊ ပရလောက သားတစ်ဦး ကိုင်ဆိုင်ထားပြီး ၎င်းဖုန်းကို ခေါ်ဆိုပါက တစ်ဖက်မှ ပြန်လည် ၍ ဖုန်းလက်ခံပြော ကြားကြောင်း ၊ တဖက်မှ ပြန်လည် ၍ ဖုန်း လက်ခံပြော ကြားသော အသံမှာ ကြောက်မက်ဖွယ်ရာကောင်းကြောင်း မိုဘိုင်းဖုန်း အသုံးပြုသူများ အကြား အတင်းဂယက် ပျံ့နှံ့လျက်ရှိသည် ။ 

ထိုသို့ ပျံ့နှံ့နေသော သတင်းဂယက် မှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်အတွင်းရှိ အမျိုးသမီးငယ်တစ်ဦးမှာ မိုဘိုင်းဖုန်း ကိုင်ဆောင်လိုစိတ်ပြင်းပြနေပြီး တန်ဖိုးနည်း ဖုန်းဆင်းကတ် မဲပေါက်မည့် အချိန်ကို စောင့်ဆိုင်းနေရပြီးနောက် ဖုန်းဆင်းကတ် မဲပေါက်သည့် အခါတွင်  ရုတ်တရက်သေဆုံးသွားသည့် အတွက် ၎င်း၏ ရုပ်အလောင်းနှင့် အတူ ဖုန်းဆင်းကတ်ကို ပါ မီးသဂြိုလ်ခဲ့ကြောင်း ၊ ယင်းနောက် ၎င်း ဖုန်းကို ခေါ်ဆိုရာတွင် တစ်ဖက်မှ ဖုန်း လက်ခံပြောဆိုသည် ဟု သတင်းပျံ့နှံ့ ခဲ့သည် ။ 

အဆိုပါဖုန်း နံပါတ်မှာ ၀၉ ၂၅၆ ၂၁၈ ၀၈၉ ဖြစ်ပြီး ၎င်း ဖုန်းကို ဆက်သွယ်ရာတွင် တစ်ဖက်မှ ဟဲလို ဟု သုံးကြိမ် ( အသံမတူ ) ဖြေ၍ ခဏအသံခြားကာ စုစုပေါင်း ၁၈ ကြိမ် ဟဲလိုဟု ပြန်လည် ဖြေဆိုခဲ့သည် ။ 

ထပ်မံ၍ ပြန်လည် ခေါ်ဆိုရာတွင် အထက်ပါအတိုင်း ၁၈ ကြိမ် ဟဲလိုဟု ပြန်လည်ပြောဆိုခဲ့သည် ။ 

၎င်း ပြန်လည် ဖြေဆိုသံမှာ Call Ringtone ဟု ယူဆ ရပြီး ဖုန်းခေါ်ဆိုမှု ကုန်ကျ စရိတ်ကို စစ်ဆေးရာတွင် ဖုန်းခေါ်ဆိုမှု ကုန်ကျငွေ အမှန်တကယ် ဖြတ်တောက်သွားခဲ့ကြောင်း သိရသည် ။ 

၎င်း ဖုန်း နှင့် ပါတ်သက်၍ တစ်စုံတစ်ဦးမှ လုပ်ကြံ ၍ ပြောဆိုနေသည် ဟု သံသယရှိ၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို ဆက်သွယ်မေးမြန်းကြည့်ရာ ၎င်း တို့ အနေဖြင့် မသိရှိကြောင်း နည်းပညာဖြင့် ပြုလုပ်ခြင်း ဟုတ် မဟုတ်ကို ကျွမ်းကျင် သူများသာ သိရှိနိုင်မည် ဟု ပြန်လည် ဖြေကြားခဲ့ပါသည် ။ 

 


09 May 2016     1,483 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS