မအူပင်မြို့နယ် ရွာတစ်ရွာရှိ အမျိုးသမီးသုံးဦးကို ဘုန်းကြီးတစ်ပါးက မြ၀တီသို့ လိမ်လည်ခေါ်ဆောင်မှုဖြစ်ပွား
07 May 2016 1,412 Views

မအူပင်မြို့နယ်ရှိ ကျေးရွာတစ်ရွာရှိ အမျိုးသမီးငယ် သုံးဦးကို နယ်လှည့်ဆေးကုသည့် ဘုန်းကြီးတစ်ပါးက ပဲခူးမြို့ရှိ ဖုန်းဆိုင်တွင် အလုပ်လုပ်ရမည်ဟုဆိုကာ မြ၀တီဘက်သို့ လိမ်လည်ခေါ်ဆောင်သွားသဖြင့် မေလ ၃ ရက်က ဘားအံမြို့မှ ပြန်လည် ခေါ်ယူခဲ့ရကြောင်း သတင်းရရှိ သည်။ မအူပင်မြို့နယ် ခနောင် ထော်ကျေးရွာအုပ်စု အရှေ့မရမ်း ကွေ့ကျေးရွာတွင် လွန်ခဲ့သည့် သုံးလခန့်က နယ်လှည့်ဆေးကုသ သည်ဆိုသော ဘုန်းကြီးတစ်ပါး သည် အဆိုပါကျေးရွာရှိ အသက် (၁၆) နှစ်အရွယ်၊ အသက် (၂၅) နှစ်အရွယ်၊ အသက်(၂၇)နှစ်အရွယ် အမျိုးသမီးသုံးဦးကို ပဲခူးမြို့ရှိ ဖုန်းဆိုင်တစ်ဆိုင်၌ တစ်လလျှင် ကျပ်ခြောက်သောင်းဖြင့် အလုပ် ရမည်ဟုဆိုကာ မေလ ၂ ရက် နံနက် ၇ နာရီခန့်က ခေါ်ဆောင် သွားကြောင်း ခေါ်ဆောင်ခံရသူ အသက်(၂၅) နှစ်အရွယ် အမျိုး သမီးက ဆိုသည်။ ‘‘ကျွန်မတို့ ပဲခူးရောက်တော့ သူ့ဒကာတစ်ယောက်အိမ်မှာ နေ တယ်။
ပြီးတော့ ညနေ ၅ နာရီ လောက်မှ ပဲခူးက ကားဂိတ်ကို ဆင်းတယ်။ ၆ နာရီလောက် ကား ထွက်တော့ ဘုန်းကြီးက ရွှေကျင် ကို သွားနေတာလို့ ပြောတယ်။ အဲဒါနဲ့ ညီမတို့ သွားနေရင်း ကား သမားကို ဘယ်သွားတာလဲလို့ မေးလိုက်တော့ ကားသမားက မြ၀တီကို သွားနေတာလို့ ပြော တယ်။ ကျွန်မတို့ကို ဘုန်းကြီးက မြ၀တီသွားမယ်လို့ တစ်ခွန်းမှ မပြောဘူး’’ဟု ၎င်းကရှင်းပြသည်။ ထို့နောက် မြိုင်ကလေးမြို့ ရှိ ရွှေပန်းသီးစားသောက်ဆိုင်၌ ကားရပ်နားစဉ် အမျိုးသမီးသုံး ဦးက နေအိမ်သို့ ဖုန်းဆက် အကြောင်းကြားခဲ့သဖြင့် လူမှုကူညီ ရေးအသင်းနှင့် ချိတ်ဆက်ကာ ၎င်းတို့ကို ဘားအံမြို့မ ရဲစခန်း တွင် ခေါ်ယူထိန်းသိမ်းပြီး မအူပင် ကရုဏာလူမှုကူညီရေးအသင်း က သွားရောက်ခေါ်ယူပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ‘‘ကလေးမလေးတွေက လည်း ဘုန်းကြီးကိုမသိဘူး။ ဘုန်းကြီး သူတို့ရွာကိုလာရင် တည်းနေ ကျ ဆေးထိုးဆရာအိမ်ရှိတယ်။
အဲဒီကနေ တစ်ဆင့်ပြောလို့ လိုက်သွားတာ။ ရွှေကျင်က ဖုန်းဆိုင်မှာ လုပ်ရမယ်ဆိုပြီး ခေါ်သွား တာ။ ဒီအချိန် ဒီဘက်မှာက လယ် လည်းပြီး ကိုင်လည်းပြီးချိန် စပ်ကူးမပ်ကူးကာလဆိုတော့ အလုပ်မရှိကြဘူး’’ဟု ကရုဏာလူမှုကူညီ ရေးအသင်းမှ တာဝန်ခံတစ်ဦးက ဆိုသည်။ အမျိုးသမီးသုံးဦးကို အလုပ် ရမည်ဟုဆိုကာ ခေါ်ဆောင်သွား သည့် ဘုန်းကြီးကို ဘားအံရဲစခန်း ၌ မေးမြန်းရာ ၎င်းမှာ မအူပင်ဇာတိ ဖြစ်ပြီး ရွှေကျင်မြို့ရှိ ဘုန်းကြီး ကျောင်းတွင် နေထိုင်သည်ဟု ပြောဆိုခဲ့ကြောင်း အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အမှုဖွင့်တိုင်ကြားထားခြင်းလည်း မပြုလုပ်ရသေး ကြောင်း အသက်(၂၅) နှစ်အရွယ်အမျိုးသမီးက ဆိုသည်။
Credit ; http://www.7daydaily.com