မိန်းကလေးအများအပြားကိုလှောင်ပြီး လိင်ကျွန်အဖြစ်စေခိုင်းတဲ့အဆောက်အအုံကိုတွေ့ရှိ
05 May 2016 1,579 Views
လက်ဘနွန်နိင်ငံမှာ အမျိုးသမီးများစွာကို ဖမ်းဆီးပြီး အကျဉ်းချကာ လိင်ကျွန်အဖြစ်စေခိုင်းနေတဲ့ အဆောက်အအုံကြီးတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။အမျိုးသမီး၇၅ဦးခန့်ဟာ ဒေါ်လာ၂၀၀၀အောက် ဈေးနှုန်းနဲ့ရောင်းချခံခဲ့ရပြိးတစ်နေ့မှာ အနည်းဆုံး ၁၀ကြိမ် လိင်ဆက်ဆံမှုပြုလုပ်ပေးရပါတယ်။ မက်ဒီတာရေးနီးယန်းပင်လယ်နဲ့အနီးနားမှာတည်ရှိတဲ့Jouniehမြို့လေးရဲ့၂ထပ်တိုက်အဆောက်အအုံအတွင်းမှာအမျိုးသမီးတွေဟာ အရိုက်အနှက်ခံရပါတယ်။ အနှိပ်စက်ခံရပါတယ်။ လျှစ်စစ်နဲ့ဓာတ်လိုက်ခြင်းခံရပါတယ်။ အထူးသဖြင့် သူတို့ ဖောက်သည်တွေဆီက Tip မရတဲ့အခါမျိုးမှာပါ။
ဒီအဆောက်အအုံကြီးရဲ့ပြတင်းပေါက်တွေကို အမည်းရောင် ဆေးဆိုးထားပြီး သံတိုင်တွေနဲ့ကာထားပါတယ်။ လသာဆောင်မှာလည်း သံတိုင်တွေကာထားပါတယ်။ထွက် ပြေးလို့မရအောင် လုပ်ထားတာဖြစ်ပါတယ်။ အိမ်အပြင်ဘက်ကို နေမကောင်းတဲ့အခါ (လိင်ကကူးစက်သောရောဂါများ) နဲ့ အသားအရေပျက်စီးမှု (နေရောင်ထိတွေ့ခြင်းမရှိ) များရှိတဲ့အခါမှသာပေးထွက်ပါတယ်။
အကာအကွယ်မပါပဲလိင်ဆက်ဆံခြင်းကြောင့် အချို့အမျိုးသမီး များမှာ ကိုယ်ဝန်ဖျက်ချတာ အကြိမ်၂၀၀ကျော်တောင်ရှိနေပါပြီ။ ထွက်ပြေးလို့မရအောင် အစောင့်တွေချထားပြီးထိုအစောင့်တွေကအမြဲစောင့်ကြည့်နေပါတယ်။လာရောက်အားပေးသူ ဖောက်သည်က တစ်နာရီပိုမနေရင် ရိုက်နှက်ခြင်းခံ၇ပါတယ်။
သူတို့အနေနဲ့ တစ်နေ့မှာ နာရီ၂၀အလုပ်လုပ်ရပြီး အိပ်ချိန်မရှိသလောက်ရှားပါးပါတယ်။ Easter အားလပ်ရက်နေ့မှာ အစောင့်တွေ သိပ်မရှိတာကို အခွင့်ကောင်းယူပြီး မိန်းကလေး(၈)ယောက်ဟာ ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ ၄ဦးလွတ်မြောက်လာခဲ့ပြီး တွေ့ရာကြုံရာကားနဲ့ထွက်ပြေးခဲ့ပြီး ကားမောင်းသူကိုပြောပြခဲ့ ပါတယ်။
ကားမောင်းသူက ရဲစခန်းကိုဖုန်းဆက်ခဲ့တာကြောင့် အခုတော့ ဒီအဆောက်အအုံကို ဖမ်းဆီးပြီးပိတ်လိုက်ပါပြီ။ ရဲတပ်ဖွဲရဲ့တာဝန်ရှိသူတစ်ယောက်က “ဒီမှာရှိတဲ့အမျိုးသမီး၇၅ယောက်ဟာ တကယ်ကို ကျွန်ပြုခြင်းခံခဲ့ရတာပါ။သူတို့ရဲ့ခန္ဓာကိုယ်၊လွတ်လပ်မှု၊ စိတ်ဓာတ် စတာတွေအားလုံး ပျောက်ဆုံးခဲ့ရပါတယ်။”လို့ဆိုခဲ့ပါတယ်။ အခုတော့ဒီအမှုနဲ့ပက်သက်နေတဲ့လူ ၂၃ယောက်ကို ဖမ်းဆီးပြီးစွဲချက်တင်ထားပါတယ်။Credit: shwemom