BEC-TERO TV

မန္တလေးမြို့မှ ပိုင်ရှင်မဲ့ အအေးဆိုင်

05 May 2016     1,453 Views


မန္တလေး မြို့ပေါ်မှာ နာမည်ကြီးနေတဲ့ ပိုင်ရှင်မဲ့အအေးဆိုင်ကို ဖွင့်ထားတဲ့သူရဲ့ ရင်တွင်းဖြစ်စကားတွေကို အောက်မှာ ဖတ်ရှုနိုင်ပါတယ် ။ 

ရေကုသိုလ်လုပ်ထားတဲ့water cooler လေးပါဘေးကချထားပေးပါတယ်။ 

water cooler နဲ့ရေကုသိုလ်လုပ်တာတော့ တစ်လကျော်ပါ ပြီ။

မနေ့က အများပြည်သူတွေ အကြံပေးချက်တွေ ဖတ်ရတာ အားရစရာကောင်းပါတယ်။ကျွန်တော်တို့

အနေနဲ့ CCTV တပ်ဖို့အစီအစဉ်မရှိပါဘူး။

ကျွန်တော် တို့ရည်ရွှယ်ချက်က ကောင်းမွန်တဲ့စိတ်ဓါတ်တွေပျံနှံဖို့လှုံဆော်ဆော်သြပေးဖို့ပါ။

မကောင်းတဲ့လူကတော့ရှိ နေမှာပါပဲ နည်းသွားအောင်သာလုပ်လို့ရမှာပါ။

အခုလိုပြည်သူတွေ ဝိုင်း like ကြ command ပေးကြ share ကြနဲ့ဆိုတော့ ဒီဆိုင်လေးအကြောင်း မန္တလေးကလူ တွေတော်တော်များများ သိနေကြပါပြီ။

လူတော်တော် များများက ပိုက်ဆံပေးဝယ်ကြတယ်ဆို သူတို့လဲအလို လိုရှိန်ပြီး ပြောင်းလဲလာမှာပါ။ဒီဆိုင်ကလေးက ရောင်း သူလဲမရှိဘူး စောင့်ကြည့်နေသူလဲမရှိဘူး အလကားယူလဲရတယ် ။

ဒါပေမယ့် တန်ရာတန်ဖိုးပေးပြီးဝယ်မယ် ဆိုတဲ့ စိတ်ဓါတ်လေးတွေ ပျံနှံသွားစေချင်တာပါပဲ။

လောလောဆယ်မှာ ပိုက်ဆံတစ်သိန်းအထိအရှုံးခံ လုပ်သွားမယ်လို့ ရည်ရွှယ်ထားပါတယ်။ အရှုံးခံလုပ်ဖို့ အတွက် ပံပိုးပေးချင်တယ်လို့ပြောလာတဲ့သူတွေလဲရှိ ပါတယ်။

မနေ့ကတော့ ၃၇၀၀ကျပ်အရှုံးပေါ်ပါတယ်။ ဒီနေ့နေ့လည် ၁၂နာရီအထိကတော့ ဝမ်းသာစရာပါ

အအေးဘူး၂၂ဘူးရောင်းရပါတယ် အားလုံးပိုက်ဆံ ပေးသွားကြပါတယ်။

အကယ်လို့ အမြတ်ရခဲ့ရင်လဲ အမြတ်အားလုံးကို မန္တလေးမြို့ကလေးဆေးရုံဟောင်း

က ကင်ဆာကလေးတွေ ဆေးဝါးကုသဖို့လှုလိုက်မှာပါ ။

ဆိုင်ဖွင့်ထားတဲ့နေရာက မန္တလေးမြို့၃၅လမ်း လမ်း၇၀ နဲ့ ၇၁လမ်းကြားမှာပါ။

ဝေဖန်အကြံပြု အားပေးကြတဲ့ ပြည်သူတွေ အားတက်သရောလာရောက်အားပေး

ကြတဲ့ အမျိုးတွေအားလုံး ကျေးဇူးတင်ပါတယ်။ " 

 


05 May 2016     1,453 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS