သားသမီးပုံများကို လူမှုကွန်ယက်ပေါ်မှာတင်တဲ့ မိဘများကို ဖမ်းမယ့် ပြင်သစ်နိုင်ငံ
05 May 2016 1,656 Views
ပြင်သစ်နိုင်ငံမှ ရဲများက မိဘများအား ၄င်းတို့၏ သားသမီးပုံများကို ဖေ့စ်ဘွတ်ပေါ်သို့တင်ပါက ဥပဒေချိုးဖောက်ရာရောက်ပြီး ဖမ်းဆီးခံရမည်ဖြစ်ကြောင်း အသိပေးပြောကြားလိုက်ပါတယ်။ အကြောင်းကတော့ ကလေးတွေရဲ့ လုံခြုံရေးနဲ့ ကိုယ်ရေးကိုယ်တာကို ထိခိုက်စေတဲ့အတွက် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက စတင်ပြီး အရာရှိများက သူတို့သားသမီးပုံတွေကို ဖေ့စ်ဘွတ်ပေါ်မတင်ဖို့ တိုက်တွန်းတဲ့ ပွဲတစ်ခုက လူတွေကို သတိပေးပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ပေါ် ကလေးပုံတွေတင်တာ အန္တရာယ်များတဲ့အတွက် ကလေးတွေကို ကာကွယ်ဖို့အတွက် တားမြစ်ခြင်းဖြစ်ပါတယ်။ အွန်လိုင်းပေါ်ကို ကလေးငယ်ပုံတွေတင်ခြင်းက ရာဇဝတ်မှုကျူးလွန်တဲ့သူတွေအတွက် အချက်အလက်တွေပေးသလိုဖြစ်စေတဲ့အတွက် လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
ပြင်သစ်ဥပဒေအရ တစ်စုံတစ်ဦးရဲ့ ခွင့်ပြုချက်မပါဘဲ ဓာတ်ပုံတွေကို ဖြန့်ဝေခြင်းက ထောင်ဒဏ် ၁နှစ်နဲ့ ငွေဒဏ်ကျခံရမယ်လို့ သတ်မှတ်ထားတာကြောင့် မိဘတွေအနေနဲ့ ကိုယ့်သားသမီးရဲ့ ပုံကိုတင်တဲ့အတွက် ကိုယ်ရေးကိုယ်တာကို ချိုးဖောက်ရာကျပြီး နောင်တစ်ချိန်မှာ တရားစွဲခံရနိုင်တယ် ပညာရှင်တစ်ယောက်က သုံးသပ်ထားပါတယ်။