BEC-TERO TV

မဖြစ်နိုင်လောက်အောင် ရှားပါးသော ခရမ်းရောင်စိန် ဩစတြေးလျတွင် တွေ့ရှိ

04 May 2016     1,634 Views


မဖြစ်နိုင်လောက်အောင်ကို ရှားပါးတဲ့ ခရမ်းရောင်စိန်တစ်မျိုးကို ဩစတြေးလျ ရှိ ဝေးလံခေါင်ဖျား သတ္တုတွင်း တစ်နေရာမှာ တွေ့ရှိခဲ့ရပြီး တွေ့ဖူးသမျှ ခရမ်းရောင် စိန်များထဲမှာတော့ အကြီးဆုံး ဖြစ်ပါတယ်။ အဲဒီ စိန်အရိုင်းတုန်း ကို ၂၀၁၅ ခုနှစ် ဩဂုတ်လက တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ခရမ်းရောင်စိန် ကို တွေ့ရှိခဲ့ရတဲ့ နေရာကတော့ ပန်းရောင်၊ အနီရောင် ကျောက်မျက်များရဲ့ ၉၀ ရာခိုင်နူန်းတွေ့ရှိရတဲ့ နေရာမှာ ဖြစ်ပါတယ်။ မသွေးရသေးခင်မှာ ၉ ဒသမ ၁၇ ကာရက်ရှိပါတယ်။ သီတင်းပတ်ပေါင်းများစွာ လေ့လာခဲ့ပြီးနောက် The Argyle Violet လို့ အမည်ပေးထားတဲ့ ထိုစိန်ကို ဘဲဥပုံစိန်တုံး အဖြစ် သွေးလိုက်ပါတယ်။ “ တွေ့ဖို့ မဖြစ်နိုင်လောက်အောင် ရှားပါးပြီး သဘာဝထဲမှာလည်း အကန့်အသတ်နဲ့သာ ရှိတာကြောင့် The Argyle Violet သူ့ရဲ့အလှ၊ အရွယ်အစားနဲ့ ဇာစ်မြစ်ကို ပေါ်လွင်အောင် တော်တော်ပြုလုပ်ခဲ့ရပါတယ်” လို့ Rio Tinto စိန်ဈေးကွက် မန်နေဂျာ ပက်ထရစ်ကော့ပန်းစ် က ဆိုပါတယ်။

သူ့ကို တန်ကြေးဘယ်လောက်ဆိုပြီးတော့ ဈေးဖြတ်တာမျိုးတော့ မရှိသေးပါဘူး။ သာမန်အားဖြင့် ပန်းရောင်၊ အနီရောင်စိန်များဟာ သာမန်စိန်ဖြူများထက် အဆငါးဆယ်လောက် ဈေးပိုကြီးတတ်ပါတယ်။ အခုခရမ်းရောင်စိန်ဟာ ကမ္ဘာ့ထိပ်တန်းစိန်စုဆောင်းသူတွေနဲ့ စိန်နှစ်သက် သူတွေကြားမှာ စိတ်ဝင်စားခြင်း ခံရမှာဖြစ်တယ်လို့ စိန်ဈေးကွက်က ဆိုထားပါတယ်။ စိန်လှည့်လည်ရောင်းချခြင်းကို ကိုပင်ဟေဂင်၊ ဟောင်ကောင်နဲ့ နယူးယောက် တို့မှာ ပြုလုပ်သွားမယ်လို့ အဆိုပါ စိန်ကုမ္ပဏီက ဆိုထားပါတယ်။

Credit ; သတင်းစုံ


04 May 2016     1,634 Views




RELATED

Most Popular of International News

Most Popular of NEWS