BEC-TERO TV

မိုးသက်လေပြင်းကြောင့် သက်တမ်းနှစ် ၁၀၀ ကျော်ရှိပင်လောင်းဟော်နန်း လုံးဝ ပြိုကျပျက်စီး

04 May 2016     1,434 Views


သျှမ်းပြည်တောင်ပိုင်းပင်လောင်းမြို့နယ်တွင် မေလဆန်းပိုင်းအတွင်း လေပြင်း ၂ ကြိမ်တိုက်ခတ်ရာ နှစ်သက်တမ်း ၁၀၀ နီးပါးရှိ ပင်လောင်းေ စ်ာဘွားေ ဟ်ာနန်းဟောင်း လုံးဝ ပြိုကျပျက်စီးခဲ့ရပါသည်။ မေလ ၁ ရက်နေ့ညနေ ၆ နာရီခန့်က မိုးသက်လေပြင်းကျရောက်သဖြင့် ယိုင်နဲ့နေသော ပင်လောင်းစော်ဘွား ဟော်နန်းမှာ တဝက်ခန့်ပြိုကျပျက်စီး သွားခဲ့သည်။ မေလ ၂ ရက် နံနက် ၁ နာရီ မိနစ် ၂၀ အချိန်တွင် လေပြင်း ထပ်မံတိုက်ခတ်ရာ ဟော်နန်းကြီးမှာ လုံးဝ ပြိုကျပျက်စီးသွားပြီး ဘုရားခန်းတခန်းသာကျန်တော့ကြောင်း စော်ဘွားမျိုးဆက်တဦးဖြစ်သည့် ယိင်းနောင့်လျဲန်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။“ဟော်ဦး ဘုရားခန်းဘဲကျန်ပါတယ်။ ကျန်တာတော့ လုံးဝ ပျက်စီးသွားပါပြီ။

ဒါပေမယ့် ဟော်နန်းပေါ်က စော်ဘွား ကြီး ရဲ့ လက်ကျန်အသုံးအဆောင်ေ တွတော့ ထိခိုက်ပျက်စီးတာမရှိပါဘူး။ အရင်ကတည်းက အဲလိုဖြစ် မှာ ကြောက်လို့ ဟော်နန်းအောက်ထပ်ကို ကျမတို့ ပြောင်းရွှေ့ထား လိုက်ပြီလေ။ ” - ဟု နောင့်လျဲန်း ကပြောသည်။ အဆိုပါဟော်နန်းမှာ သျှမ်းစော်ဘွားနယ်မြေ ၃၃ ခုတွင် ပါဝင်သည့် ပင်လောင်း စော်ဘွား နေထိုင်စံမြန်းခဲ့သည့် ဟော်နန်းဖြစ်ပြီး ယခုကဲ့သို့ စော်ဘွားဟော်နန်းပျက်စီးခဲ့မှုမှာ သျှမ်းတိုင်းရင်းသားများအတွက်သာမက ဒေသခံများအတွက်ပါ ဆုံးရှုံးမှုဖြစ်ကြောင်း သျှမ်းရေးရာ လေ့လာနေသူ ခွန်ယုံးချို ကပြောသည်။ “အဲဒီစော်ဘွားဟော်က အရင်ကတည်းက ပြင်ဆင်ထိန်းသိမ်းမှု အားနည်းေ တာ့ ခပ်ယဲ့ယဲ့ ဘဲဖြစ် နေ တာကြာပြီ။” ဟု ၎င်းက ပြောသည်။ မေလ ၁ ရက်နှင့် ၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် ပင်လောင်းဒေသရှိလူနေအိမ်များ အိမ်ခေါင်မိုး လှန်ခြင်း ၊ ပြိုကျပျက်စီးခြင်း များ လည်းဖြစ်ပေါ် ခဲ့သည်။

“ဟော်ကနဂို ခေတ်အဆက်ဆက်အစိုးရတွေကပြင်ဆင်ထိန်းသိမ်းမှုမလုပ်ပေးတဲ့ အပြင် ဒေသခံ တွေ ကနေ ကိုယ်တိုင်ထလုပ်နိုင်ဖို့ဆိုတာကလည်း အဆင့် ဆင့်သွားရတယ်လေ။အဲ့ကြောင့် မပြင်နိုင်ဘဲ ထားခဲ့ရတာ ခုလိုပြိုကျတဲ့ အချိန် အထိ။ အရမ်းကိုနှမြောဖို့ကောင်းပါတယ်။” - ပင်လောင်းဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ နိုင်ငံတဝှမ်း လတ်တလောဖြစ်ပွားနေသည့် လေပြင်းတိုက်ခတ် မှုနှင့်မိုးသီြးေ ကွ ကျ မှုကြောင့် နေအိမ် များ ထောင်နှင့် ချီပျက်စီးခဲ့ရပြီးလူသေဆုံးမှု များလည်းရှိခဲ့ကာ တောင်ကြီးမြို့နယ် ရှိ ရှေးဟောင်းသမိုင်းဝင် မွေတော် ကက္ကူ စေတီတော်ရှိထီးတော်များမှာလည်း မြေခခဲ့ပျက်စီးခဲ့ပါသည်။ ပင်လောင်းဟော်နန်းကိုပြန်လည်မွမ်းမံရာတွင်ကူညီမှုပေးမည်ဟု RCSS ဥက္ကဌက ၂၀၁၅ ခုနှစ်ဖေဖော်ဝါရီလ ပင်လောင်းသို့ရောက်ရှိလည်ပတ်စဉ် ကတိပေးပြောဆိုခဲ့ဖူးပါသည်။ ပင်လောင်းဟော်နန်း မူလပုံအတိုင်းပြင်ဆင်နိုင်ရေးအတွက် အလှူငွေများေ ကာက်ခံနေ သည်ဟုလည်း ပင်လောင်းဒေသခံများထံမှ သိရပါသည်။

Credit ; http://www.thithtoolwin.com/


04 May 2016     1,434 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS