မိခင်အရက်မူးပြီး အိပ်နေစဉ် နောက်အိမ်ထောင်က သမီးဖြစ်သူကို အဓမ္မပြုကျင့်ရန်ကြံ
03 May 2016 1,579 Views

လှိုင်သာယာမြို့နယ်တွင် မိခင်အရက်မူးပြီး အိပ်နေစဉ် နောက်အိမ်ထောင်က သမီးဖြစ်သူကို အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက ဧပြီလ ၂၈ ရက်နေ့က စစ်ဆေးလျက်ရှိသည်။ အဆိုပါနေ့ ညနေ ၅ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် ရန်ကုန်ပုသိမ်ကားလမ်းဘေး ကျူးကျော်တဲနေ အသက် ၄၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးက သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ရာတွင် နံနက် ၆ နာရီ အိပ်ရာနိုးစဉ် အသက် ၁၁ နှစ်အရွယ် သမီးဖြစ်သူ မျက်နှာမကောင်းသဖြင့် မေးမြန်းခဲ့သည်။
ယမန်နေ့ည ၅ နာရီခွဲ အချိန်ခန့်က အရက်မူးပြီး အိပ်ပျော်နေသည့် မိခင်ဖြစ်သူနှင့်အတူ အိပ်ရာဝင်ခဲ့သည်။ ထိုသို့အိပ်နေစဉ် ည ၁၁ နာရီ အချိန်ခန့်တွင် လွန်ခဲ့သော ၃ လခန့်က မိခင်ဖြစ်သူနှင့် အတူ ပေါင်းသင်းနေထိုင်သည့် ဆန်းမင်း(၂၇ နှစ်) က ပါးစပ်ပိတ်၍ သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်အားထုတ်ခဲ့ကြောင်း ပြောပြသိရသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။ လှိုင်သာယာမြို့မရဲစခန်းက(ပ) ၈၃၄/၁၆ ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။
Credit ; http://myanmar.mmtimes.com/