အသည်းယားစရာကောင်းတဲ့ Roller Coaster တံတား
03 May 2016 1,420 Views
ဂျပန်နိုင်ငံရှိ Matsue မြို့နဲ့ Sakaiminato မြို့နှစ်မြို့ကို ဆက်သွယ်ပေးကာ Nakaumi အိုင်ကို ကျော်လွှားဖြတ်သန်းနေတဲ့ မိုင်ချီရှည်လျားတဲ့ တံတားဟာ တံတားတစ်စင်းထက် မြွေလိမ်မြွေကောက် ကွန်ကရစ်လမ်းနဲ့ ပိုတူလို့ နေပါတော့တယ်။
အမတ်စောက်ဆုံးနေရာမှာ တံတားဟာ လျောစောက်မှုအဆင့် ၆.၁% ရှိပြီး ကားခြေနင်းကလပ် ခိုင်ခိုင်ခံ့ခံ့မရှိဘဲ ထိုနေရာမှာ ပိတ်မိ၊ တစ်နေလို့မရတဲ့ သဘောဖြစ်ပါတယ်။
ဒီနေရာမှာ ဒီလိုတံတားမျိုး ဘာကြောင့်ဆောက်ရသလဲမေးရင် မူးမူးရူးရူးနဲ့ ဆောက်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် အောက်မှာ သင်္ဘောတွေ ဖြတ်သွားနိုင်အောင်လို့ဖြစ်ပါတယ်။