BEC-TERO TV

ရပ်ဆိုင်းတော့မည် ဖြစ်သည့် မြန်မာ့ သစ်လုပ်ငန်း ၏ သစ်ထုတ်လုပ်မှုများ

02 May 2016     1,862 Views


သစ်တောပြုန်းတီးမှုများ မြန်ဆန်လာသဖြင့် မြန်မာတစ်နိုင် ငံလုံးသစ်ထုတ်လုပ်မှုကို ၂၀၁၆ သစ်ထုတ်ရာသီမှစ၍ ရပ်ဆိုင်းတော့မည်ဟု မြန်မာ့သစ်လုပ်ငန်းမှ သတင်းရရှိသည်။

‘‘တရားဝင်ညွှန်ကြားစာတွေ မထုတ်ရသေးပေမယ့် သစ်ထုတ် လုပ်မှုတွေ ရပ်တော့မယ်ဆိုတာ အမှန်ပါ။ ညွှန်ကြားချက်ထုတ်ဖို့ အတွက် ဌာနက အရပ်ဘက်အဖွဲ့ အစည်းတွေ၊ ပြည်သူတွေနဲ့ လုပ် ငန်းရှင်တွေပါဝင်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲကြီးကြီးတစ်ခုလုပ်ဖို့ စီစဉ်နေပါတယ်’’ဟု မြန်မာ့သစ်လုပ်ငန်းအထွေထွေမန်နေဂျာဦးလှမိုးအောင်က ပြောသည်။

သစ်ထုတ်လုပ်မှုများရပ် ဆိုင်းတော့မည့် သတင်းများထွက် ပေါ်ခြင်းကို အတည်ပြုမေးမြန်းရာ အထက်ပါပုဂ္ဂိုလ်က ယခုကဲ့သို့ ဖြေကြားခြင်းဖြစ်သည်။

မြန်မာ့သစ်လုပ်ငန်းအောက် ရှိ သစ်ထုတ်လုပ်ရေးလုပ်ငန်းများ ကိုသာရပ်ဆိုင်းမည်ဖြစ်ပြီး အခြား စိုက်ခင်းမှ ထုတ်လုပ်သည့်သစ် များပါဝင်မည်မဟုတ်ပေ။ မြန်မာ့ သစ်လုပ်ငန်းအောက်ရှိ သစ်ထုတ် လုပ်ရေးလုပ်ငန်းများပါဝင်မည် ဖြစ်သောကြောင့် မြန်မာ့သစ်လုပ် ငန်းနှင့် ပူးပေါင်းဆောင်ရွက်နေ သော ပုဂ္ဂလိကသစ်ထုတ်လုပ်ရေး လုပ်ငန်းများပါဝင်မည်ဖြစ်သည်။

၂၀၁၆မှစ၍ သစ်ထုတ်လုပ်မှုများ ရပ်ဆိုင်းမည်ဖြစ်သော်လည်း ၂၀၁၅တွင် ထုတ်လုပ်ရန်သတ်မှတ်ထားသည့် သတ်မှတ်ချက်အတိုင်း သစ်ထုတ်လုပ်မှုများရှိနေဦးမည်ဖြစ်သည်ဟု ဦးလှမိုးအောင်က ပြောသည်။

ရပ်ဆိုင်းမည့် သစ်ထုတ်လုပ် မှုစာရင်းတွင် ကျွန်းသစ်နှင့် အခြား သစ်မာအမျိုးအစားများပါဝင်ပြီး ယခုနှစ်သစ်ထုတ်လုပ်ရေးရာသီမှစ၍ ရပ်ဆိုင်းမည်ဟု အထွေထွေမန်နေဂျာဦးလှမိုးအောင်က ပြောသည်။

၂၀၁၅-၁၆သစ်ထုတ်လုပ် ရေးရာသီ မေလ၁ရက်မှ ဇွန်လ ၁ရက်တွင် မြန်မာ့သစ်လုပ်ငန်းက ကျွန်းသစ်ခြောက်သောင်းနှင့် အခြားသစ်မာခုနစ်သောင်းခန့် ထုတ်လုပ်ရန်သတ်မှတ်ခဲ့သည်။ ယခင်သတ်မှတ်ထားသောကျွန်းသစ်နှင့် သစ်မာထုတ်လုပ်မှု ပြည့်မီရန် သောင်းဂဏန်းခန့် လိုအပ်နေ သည်။

၂၀၁၅ဇွန်မှစ၍ ၂၀၁၆ဧပြီ အထိ ကျွန်းသစ်ထုတ်လုပ်မှုသည် တန်ငါးသောင်းကျော်ရှိပြီး အခြားသစ်မာထုတ်လုပ်မှုသည် တန်ငါးသိန်းရှစ်သောင်းခန့်သာရှိသေးကြောင်း သတင်းရရှိသည်။

ကမ္ဘာ့နိုင်ငံများအဆင့် သစ် တောပြုန်းတီးမှုသည် အဆင့်(၃)

နေရာတွင်ရှိပြီး ယခင်ဆယ်နှစ် ထက် အဆင့်တက်လာခဲ့သော မြန်မာနိုင်ငံ၏ ရုတ်တရက်သစ် ထုတ်လုပ်မှုရပ်ဆိုင်းခြင်းကို သ ဘာဝပတ်ဝန်းကျင်ပညာရှင်များ က ကြိုဆိုသော်လည်း ပြည်တွင်းသုံးအတွက်သစ်တောဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း ကြပ်မတ် ဆောင်ရွက်ရန် မြန်မာ့သစ်လုပ် ငန်းအား တိုက်တွန်းထားသည်။

ကျေးလက်နေပြည်သူများ သစ်ထုတ်လုပ်ခွင့်အတွက် သစ် တောနည်းဥပဒေပုဒ်မ ၄၆တွင်ခွင့် ပြုမိန့်မလိုသည့် သစ်တောထွက် ပစ္စည်းများထုတ်ယူခြင်းနှင့် စပ် လျဉ်း၍ မြို့နယ်သစ်တောအရာရှိ က တံဆိပ်ရိုက်မှတ်ပေးရမည်၊ ထုတ်ယူခွင့်ရသည့်အမည်၊ နေရပ်လိပ်စာ၊ သစ်တောထွက်ပစ္စည်းအမျိုးအမည်နှင့် အရေအတွက်မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ပေးရမည်ဟု ပြဋ္ဌာန်းထားသည်။

 


02 May 2016     1,862 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS