ဒူးနာ ခါးနား ကင်းစေတယ်ဆိုတဲ့ ဟန်လင်းမြို့က ထူးဆန်းတဲ့ ရေတွင်း ၅ တွင်း
02 May 2016 1,740 Views

ထူးဆန်းပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ ၅ မျိုး ၅ တွင်းရေကန်တွေပါ ။
ရေအနက်က ၅ ပေလောက်ပဲရှိပါတယ် ။
ရေ၀င်ပေါက်မရှိဘူး စိမ့်ထွက်နေတာ ဘယ်လောက်ခက်ခက် တစ်ရွာလုံးရေချိုးလဲ ဘယ်တော့မှကုန်ခမ်းမသွားဘူး ။
ဒီရေကိုချိုးရင် ဒူးနာ ခါးနာ အကြောအချဉ်ပြေတယ်လို့ ရွာခံတွေကပြောကျတယ် ။
ကျောက်ခေတ်မှ သည် ကြေးခေတ် သံခေတ် မြေအိုးခေတ် ပျူခေတ် မှ ယနေ့ခေတ်ထိ လူတွေ အခြေချနေထိုင်ဆဲ ဖြစ်သည့် ကမ္ဘာအသိအမှတ်ပြု နေရာလည်းဖြစ်ပါသည် ။
တည်နေရာ
ဟန်လင်းဆိုတာက မန္တလေး က သွားရင် ရွှေဘိုမရောက်ခင် ညာဘက်ချိုးသွားရတာပါ ။
လမ်းခွဲဆိုင်းဘုတ်လဲ ရှိပါတယ် ။ ဟန်လင်းမြို့ဟောင်းသို့ ဆိုပြီးတော့ ရေးထားပါတယ် သမိုင်းဝင်မြို့ဟောင်းပါ မသိတဲ့သူ မရှိပါဘူး ။