BEC-TERO TV

အမျိုးသားတစ်ဦးက ရည်းစားအဖြစ်မှ အဆက်အသွယ် ဖြတ်သည်ဟုဆိုသော မိန်းကလေးကို မကျေနပ်သဖြင့် ဓားဖြင့်ထိုး ၀င်ရောက်ဖျန်ဖြေသူနှစ်ဦးအား ဓားဖြင့်ထပ်မံထိုးမှု

02 May 2016     1,434 Views


အမျိုးသားတစ်ဦးက ရည်းစားအဖြစ်မှ အဆက်အသွယ် ဖြတ်သည်ဟုဆိုသော မိန်းကလေးတစ်ဦးကို မကျေနပ်သဖြင့် ဓားဖြင့်ထိုးပြီး ၀င်ရောက်ဖျန်ဖြေသူနှစ်ဦးကိုပါ ဓားဖြင့် ထပ်မံထိုးမှု ရန်ကင်းမြို့နယ် ရန်ကင်းစင်တာ အနီး၌ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ဧပြီ ၃၀ ရက်ည ၉ နာရီတွင် ဒဂုံမြောက်နေသူ မောင်ရန်လင်းပိုင် (၂၉ နှစ်) သည် ၎င်းအား သမီးရည်းစားအဖြစ်မှ အဆက်အသွယ် ဖြတ်ခဲ့သည်ဟုဆိုသော တာမွေမြို့နယ်နေသူ မ......(၂၈) နှစ် အလုပ်လုပ်ကိုင်သော ရန်ကင်းစင်တာ စီးတီးမတ်သို့လာပြီး မ..... (၂၈) နှစ် ဆိုင်မှအပြန်တွင် ဓားဖြင့်ထိုးခဲ့ကြောင်း သိရသည်။ “ဖြစ်တာက စင်တာ ပိတ်ချိန်ဖြစ်တာပါ။

ရန်ကင်းစင်တာ ဘေးလမ်းမှာပါ။ CCTV လွတ်တဲ့နေရာမှာ ဖြစ်တာပါ။ ကောင်မလေးကို ဓားနဲ့ထိုးနေတာ တွေ့တော့ ကျွန်တော်တို့ ညပိုင်း လုံခြုံရေးကျတဲ့ တစ်ယောက်က ၀င်ရောက်သွားဖြေရင်း အထိုးခံရတယ်လို့ သိရတယ်။ ဓားနဲ့အထိုးခံရတာ ပေါင်မှာတစ်ချက် အထိုးခံရတယ်လို့ သိရတယ်။ ဖြစ်ဖြစ်ချင်းတော့ ရန်ကုန်ဆေးရုံကြီးကိုပို့ပြီး တစ်ချက်ချုပ်လိုက်ရတယ်။ အခုအိမ်မှာ နားနေပါတယ်။ မစိုးရိမ်ရပါဘူး” ဟု ရန်ကင်းစင်တာမှ မနက်ပိုင်း လုံခြုံရေးတာဝန်ကျနေသူတစ်ဦးက မေ ၁ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။ ထိုသို့ ဓားဖြင့်ထိုးနေသည်ကို တွေ့ကာ ၀င်ရောက်ဖျန်ဖြေပေးသည့် ရန်ကင်းစင်တာမှ လုံခြုံရေးနှင့် ဓားဖြင့်ထိုးခံရသည့် မ..... (၂၈) နှစ်နှင့် ပါလာသည့် အလုပ်အတူတူလုပ်ကိုင်နေသော မ..... (၂၄)နှစ် တို့ကိုပါ ဓားဖြင့် ထပ်မံထိုးခဲ့ကြောင်း သိရသည်။

ဝင်ရောက်ဖျန်ဖြေပေးသူ ရန်ကင်းစင်တာမှ လုံခြုံရေးဝန်ထမ်းမှာ ယာပေါင် ထိုးသွင်းဒဏ်ရာ တစ်ချက်နှင့် ဓားဖြင့်အထိုးခံရသူ မ..... (၂၈) နှစ် အတူတူပါလာသည့် အလုပ်အတူတူ လုပ်ကိုင်နေသော မ..... (၂၄)နှစ် မှာဝဲလက် မောင်း ထိုးသွင်းဒဏ်ရာတစ်ချက် ၀ဲလက်ခွ ကြားပြတ်ရှ ဒဏ်ရာတစ်ချက်ရရှိကာ ရန်ကုန် ဆေးရုံကြီးသို ပို့ဆောင်ပေးခဲ့ကြောင်းသိရပြီး မောင်ရန်လင်းပိုင်အား အဆက်အသွယ် ဖြတ်ခဲ့သူဟုဆိုသော မ.....(၂၈) နှစ်မှာ ၀ဲလက်မောင်း၊ ယာလက်ဖျံနှင့် လည်ပင်းဝဲဘက်ခြမ်းအောက်တွင် ထိုးသွင်းဒဏ်ရာများ ရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးတွင် စိုးရိမ်ရလူနာအဖြစ်လည်းကောင်း ကုသလျက်ရှိကြောင်း သိရသည်။

မ.....(၂၈)နှစ်နှင့်အတူ ၀င်ရောက်ဖျန်ဖြေပေးခဲ့သော ရန်ကင်းစင်တာ စီးတီးမတ်မှ ညဘက်လုံခြုံရေးတစ်ဦးနှင့် မ..... (၂၈) နှစ်နှင့် ပါလာသည့် အလုပ်အတူတူလုပ်ကိုင်နေသူတစ်ဦးအား ဒဏ်ရာများရရှိအောင် ဓား ဖြင့်ထိုးခဲ့သူ မောင်ရန်လင်းပိုင် (၂၉ နှစ်) အား ရန်ကင်းမြို့မှ ရဲစခန်းမှ (ပ) ၁၂၃/ ၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် တရားခံအား ဖမ်းဆီးစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Credit ; http://news-eleven.com/


02 May 2016     1,434 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS