BEC-TERO TV

ပြည်သူတွေ တိုင်ကြားနိုင်ပြီဖြစ်တဲ့ အနှိပ်ခန်းများ

02 May 2016     1,695 Views


ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားသော အနှိပ်ခန်းများကို သက်ဆိုင်ရာမြို့နယ်များရှိ ရပ်ကွက်နေပြည်သူများအနေဖြင့် ရဲစခန်းသို့ တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲမှူးကြီးဝင်းဗိုလ်က ပြောသည်။

တရားမဝင် ဖွင့်လှစ်ထားသည့် အနှိပ်ခန်းများကို ပြည်သူများက တိုင်ကြားသော်လည်း အရေးယူဆောင်ရွက်ခြင်း မရှိသော ရဲဝန်ထမ်းများကို ရဲဥပဒေ အရ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း ရဲမှူးကြီးက သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြော ကြားသည်။

‘‘ဒီဆိုင်တွေကို တရားဝင်ဖွင့်ခွင့် ပေးမထားပါဘူး။ ဝင်ရောက် စစ်ဆေးဖမ်းဆီးတာတွေ ရှိပါ တယ်။ ပြည့်တန်ဆာတွေလည်း ဖမ်းတယ်။ သက်ဆိုင်ရာ ရဲစခန်း တွေကို သွားတိုင်လို့ရပါတယ်။ သူတို့က အရေးယူဆောင်ရွက်မ ပေးရင် ရဲဥပဒေအတိုင်း အရေးယူ မယ်’’ဟု ၎င်းက သတင်းထောက်များအား ပြောသည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်း အနှိပ်ခန်းများ ဖွင့်လှစ်ခွင့်မပြုထားကြောင်း ရဲတပ်ဖွဲ့က ပြော ကြားနေသော်လည်း မြို့နယ် အများစုတွင် အနှိပ်ခန်းများဖွင့် လှစ်လုပ်ကိုင်နေပြီး ဖမ်းဆီးချိန်များ၌ ခေတ္တဆိုင်ပိတ်သိမ်းလေ့ရှိ ကြောင်း စမ်းချောင်းမြို့နယ်နေသူ တစ်ဦးက ပြောသည်။

‘‘ရပ်ကွက်တွေထဲမှာ ဒီလို ဆိုင်တွေဖွင့်တော့ ရပ်ကွက်နေ ပြည်သူတွေ နစ်နာတယ်။ ဆိုင်တွေဖမ်းတဲ့အပြင် ဒီဆိုင်တွေကို ငှားတဲ့ အခန်းပိုင်ရှင်တွေကိုလည်း အရေးယူသင့်တယ်။ ကျန်းမာရေးအတွက် တကယ်သန့်ရှင်းတဲ့ အနှိပ်ခန်းတွေတော့ ဖွင့်သင့်ပါ တယ်’’ဟု ၎င်းကပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့ နယ်များတွင် ကေတီဗီဆိုင်များ၊ အရက်ရောင်းချသည့် ဆိုင်များကို ခွင့်ပြုထားသော်လည်း စည်းကမ်း နှင့် ကိုက်ညီခြင်း မရှိပါက တိုင်ကြားနိုင်ပြီး တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးလင်းကိုကိုက ပြောသည်။

‘‘သက်ဆိုင်ရာမြို့နယ်အလိုက် စည်းကမ်းထိန်းဖို့အတွက် ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။ လိုအပ်တဲ့မြို့နယ်တွေဆို ရင် ဒေသန္တရအမိန့်တွေ ထုတ်ပါတယ်။ စည်းကမ်းမဲ့ဖွင့်တဲ့ ဆိုင်တွေကိုလည်း ပိတ်သိမ်းအရေးယူ ဆောင်ရွက်တာတွေရှိတယ်’’ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံချက်များအရ ကာမစိတ် ကြွဆေးများဖမ်းဆီးခြင်း၊ မူးယစ် ဆေးဝါးဖမ်းဆီးခြင်း၊ အနှိပ်ခန်း များဖမ်းဆီးခြင်းများ ဆောင်ရွက် လျက်ရှိပြီး ယခုနှစ်တွင် အနှိပ်ခန်း ၁၄ ခန်း ဖမ်းဆီးထားပြီး ၂၀၁၄ တွင် အနှိပ်ခန်း ၄၂ ခန်း ဖမ်းဆီးခဲ့ ကြောင်း သိရသည်။

 


02 May 2016     1,695 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS