ဆိုးလ်မြို့ရှိဟန်မြစ်ဘေးတွင် ပွင့်လန်းနေသောပန်းများ
27 Apr 2016 1,479 Views
ဆိုးလ်မြို့တော်အာဏာပိုင်အဖွဲ့၏ လူမှုကွန်ယက်ဖြစ်သော facebook စာမျက်နှာတွင်ဧပြီလ ၂၁ ရက် ကဖော်ပြထားချက်အရကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် နွေရာသီကိုစတင်ကြိုဆိုသောအားဖြင့် ပြည်သူ ပြည်သားများမှာအိမ်အပြင်ထွက်၍ ပန်းများကြည့်ရှုကာနွေဦးရာသီ၏ အလင်းတန်းအား ခံစားခဲ့ကြသည်။
ကိုရီးယားနိုင်ငံ၏ ချယ်ရီပန်းရာသီပြီးဆုံးသွားပြီဖြစ်သော်လည်း ဟန်မြစ်ဘေးရှိ Tulips ပန်းနှင့် canola ပန်းအစရှိသည့်ပန်းများ၏ စတင်ပွင့်လန်းချိန်ဖြစ်သည်။ ဆိုးလ်မြို့သူမြို့သားများမှာဟန်မြစ်ဘေးသို့သွားရောက်ခြင်း၊ မြစ်တလျှောက်စက်ဘီးစီးခြင်း၊ပန်းများရှု့စားခြင်း၊ လှေစီး၍လျှောက်သွားခြင်း၊ မြက်ခင်းပေါ်တွင်လှဲလျောင်းခြင်း(သို့)ထိုင်ခြင်းများ ပြုလုပ်ကြကာ လှပသော နွေဦးရှုခင်းများကို ပုံစံမျိုးစုံဖြင့်ခံစားနေကြသည်။ Credit: china.com