BEC-TERO TV

ရုရှားက မြန်မာသို့ ဂျက်တိုက်လေယာဉ်သစ်များ ၂၀၁၆ နှစ်ကုန်ခန့်တွင် လွှဲပေးမည်

27 Apr 2016     1,483 Views


၂၀၁၆ခုနှစ်အကုန်ခန့်တွင် ရုရှားက မြန်မာသို့ ဂျက်တိုက်လေယာဉ် ၃စင်း ထုတ်ပေးသွားမည်ဖြစ်သည်ဟု မီဒီယာသတင်းရင်းမြစ်များက ဧပြီလ ၂၆ရက်နေ့တွင် ဖော်ပြခဲ့ကြသည်။ ယခုနှစ်အစောပိုင်းက ရုရှား လေယာဉ်ထုတ်လုပ်သည့် Irkut ထံမှ သတင်းအချက်အလက်များအရ ယခုနှစ်တွင် Yakovlev Yak-130 (Mitten) တိုက်ပွဲဝင်လေ့ကျင့်ရေးလေယာဉ်နှင့် ပူးတွဲပါ ကိရိယာများကို မြန်မာနိုင်ငံသို့ ထုတ်ပေးသွားမည်ဖြစ်ပြီး၊ မစ်ရှင်ပြည့် အထူးလေ့ကျင့်ရေးကိရိယာကိုလည်း ၂၀၁၇ခုနှစ် အကုန်ခန့်တွင် ထုတ်ပေးသွားမည်ဖြစ်သည်ဟု ဆိုသည်။ ပျမ်းမျှ ပို့ကုန်ဈေးနှုန်း ကန်ဒေါ်လာ ၁၅သန်းရှိသည့် လေယာဉ်ကို ထုတ်ပေးမည့် အစီအစဉ် အသေးစိတ်နှင့် ပတ်သက်၍မူ ထုတ်ပြန်ခြင်းမရှိပေ။

သို့ရာတွင် ယခုနှစ်အကုန်လောက်တွင် လေယာဉ်များကို လွှဲပြောင်းပေးအပ်လိမ့်မည်ဟု သတင်းရင်းမြစ်တစ်ခုက ရုရှား နေ့စဉ်သတင်းစာ Kommersant ကို အတည်ပြုခဲ့သည်ဟု ဆိုသည်။ “လေယာဉ် ၃စင်းကို ၂၀၁၆ခုနှစ်ထဲမှာ မြန်မာကို လွှဲပြောင်းပေးသွားမှာပါ”ဟု အဆိုပါ သတင်းရင်းမြစ်က ပြောကြားခဲ့သည်။ ရုရှား လုပ် ဆိုနာတစ်ပိုင်း လူနှစ်ယောက်ထိုင် မျိုးဆက်သစ်လေယာဉ် Yak-130ကို ကနဦးက ၁၉၉၀ခုနှစ်များတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ ၂၀၀၀ခုနှစ်များတွင် စမ်းသပ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ တောင်ပံများအောက်တွင် hard points များ ပါဝင်သောကြောင့် ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များ၊ ဝေဟင်မှ မြေပြင်ပစ်ဒုံးကျည်များ၊ ဗုံးများ၊ ဒုံးပျံများနှင့် gun podများအပါအ၀င် ၃၀၀၀ကီလိုဂရမ်နှင့်အထက်အထိ ၀န်တင်နိုင်သည်။

မြန်မာက Yak-130 ၀ယ်ယူမှုစာချုပ်ကို ၂၀၁၅ခုနှစ် ဇွန်လတွင် လက်မှတ်ရေးထိုးခဲ့သည်။ နောက်ပိုင်းတွင် ရုရှား လေတပ်မှာ Yak-130များကို အမြောက်အများထုတ်လုပ်လာသကဲ့သို့ လက်တင်အမေရိကနှင့် မြောက်အာဖရိကတို့မှ အပါအ၀င် အခြားနိုင်ငံများကလည်း ၀ယ်ယူရန် စိတ်ဝင်စားလာခဲ့ကြသည်။ ယခုလက်ရှိတွင် မြန်မာမှာ အယ်လ်ဂျီးရီးယား၊ ဘင်္ဂလားဒေ့ရှ်နှင့် ဘီလာရုစ်တို့ပြီးလျှင် Yak-130ကို စတုတ္ထမြောက် ၀ယ်ယူသူဖြစ်လာသည်။

Cridit ; thithtoolwin.com


27 Apr 2016     1,483 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS