Mister Tourism World 2016 ပြိုင်ပွဲ ဝင်ပြိုင်မယ့် ဥက္ကာမင်းမောင်
25 Apr 2016 1,531 Views

မြန်မာကိုယ်စားပြုအနေနဲ့ Mister Tourism World 2016 ပြိုင်ပွဲကြီးကို ဥက္ကာမင်းမောင်က ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီ ပြိုင်ပွဲကြီးကို အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
"စွန့်စားရတာ နှစ်သက်တဲ့ ကျွန်တော့် အတွက်ကတော့ နိုင်ငံအတွက် တစ်ဖက်တစ်လှမ်းက ကြိုးစားခွင့်ရသလို တိုတောင်းတဲ့ လူ့ဘဝမှာ နောင်တချိန် အတိတ်ကို ပြန်တွေးတိုင်း မေ့မရနိုင်တဲ့ ဘဝအမှတ်တရ တစ်ခု အဖြစ် ကျန်နေခဲ့မယ်။ အတွေ့အကြုံသစ်တွေရမယ်။ နောက်တက်လာမယ့် Generation တွေ အပေါ်လဲ အသိပညာတွေ ပြန်လည်မျှဝေ ကူညီပေးနိုင်မယ်။အဲဒါပဲကျွန်တော်တွေးပါတယ်။
ဒီအခွင့်အရေးကိုပေးတဲ့ Misters of Myanmar Organization က ကိုဇေယံဟိန်းကိုလည်း ကျေးဇူးတင်ပါတယ်"လို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးထားပါတယ်။ မြန်မာပြည်က ပရိသတ်တွေအတွက် ဂုဏ်မငယ်ရအောင် အကောင်းဆုံးကြိုးစားသွားမှာပါလို့ သူက ဆိုပါတယ်။Credit: Duwun