BEC-TERO TV

ခိုးရာလိုက်ရန် စောင့်ဆိုင်းနေသည့် အမျိုးသမီးကို အဓမ္မကျင့်မှုဖြစ်ပွား

25 Apr 2016     1,408 Views


လှိုင်သာယာမြို့နယ် (၁၁)ရပ်ကွက် အနော်ရထာလမ်း ဘေးရှိ လက်ဖက်ရည်ဆိုင်တွင် ခိုးရာလိုက်ပြေးရန် စောင့်ဆိုင်းနေ သည့် အမျိုးသမီးကို အမျိုးသား တစ်ဦးက အိမ်သို့ခေါ်ဆောင်ကာ အလိုမတူဘဲ သားမယားပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။

ဧပြီ ၂၁ ရက်တွင် အသက် (၃၄)နှစ်အရွယ်ရှိ အမျိုးသမီးသည် ချစ်သူနှင့် ခိုးရာလိုက်ရန် လက်ဖက်ရည်ဆိုင်အနီး၌ ည ၈ နာရီတွင် စောင့်နေစဉ် အသက် (၄၀)အရွယ် မျိုးဆန်းဆိုသူရောက်ရှိလာကာ အိမ်သို့ခေါ်ဆောင်သွားပြီး သားမယားပြုကျင့်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှ ရဲအရာရှိတစ်ဦးကပြောသည်။ ‘‘အမျိုးသမီးက ခိုးရာလိုက်ဖို့ စောင့်နေတုန်း ပြစ်မှုကျူးလွန်သူ က ရောက်လာတယ်။ ပြီးတော့ ဒီ မှာရပ်မနေ၊ ရပ်လို့မရဘူး။ လှည့် ကင်းတွေရှိတယ်။ ငါနဲ့လိုက်ခဲ့။ ကျန်တာ ငါကူညီပေးမယ်ဆိုပြီး ခေါ်တယ်။

အမျိုးသမီးကလည်း လိုက်သွားတော့ အိမ်ရောက်မှ မု ဒိမ်းကျင့်ပြီး မနက်ကျတော့ မ ကုန်းထိပ်အထိ လိုက်ပို့ပေးခဲ့ တယ်’’ဟု ၎င်းကပြောသည်။ ပြစ်မှုကျူးလွန်သူ မျိုးဆန်း သည် လှိုင်သာယာမြို့နယ် (၁၀) ရပ်ကွက် ကသာလမ်းတွင်နေထိုင် သူဖြစ်ပြီး ပန်းရန်အလုပ်လုပ်ကိုင် သည်။ ၎င်းကိုဖမ်းဆီးရမိထားကာ အမှုကို စစ်ဆေးလျက်ရှိကြောင်း သောင်ကြီးရဲစခန်းမှ ရဲအရာရှိ တစ်ဦးကပြောသည်။ ‘‘ပြစ်မှုကျူးလွန်ခံရတဲ့အမျိုး သမီးက ဈေးရောင်းတယ်။ ဇာတိ ကတော့ တိုက်ကြီးဘက်မှာနေ တယ်။ အခု အမှုဖြစ်စဉ်ကို ကြည့် မယ်ဆိုရင် အမျိုးသမီးကိုယ်တိုင် လိုက်သွားတာက အမှားပဲ။ ရပ် ကွက်ကသူတွေရှိတယ်။ ကိုယ် စောင့်နေတဲ့ အမျိုးသားကိုလည်း ဖုန်းဆက်သင့်တယ်။

ကိုယ်တစ်ခါ မှ မမြင်ဖူးတဲ့သူအိမ်ကို လိုက်သွား တော့ အခုလိုတွေ ဖြစ်ကုန်တာ။ အသက်အန္တရာယ်မပေးတာပဲ ကံကောင်းတယ်’’ဟု အငြိမ်းစားရဲအရာရှိတစ်ဦးက ပြောကြားသည်။ ပြစ်မှုကျူးလွန်သူ မျိုးဆန်း ကို လှိုင်သာယာမြို့နယ် သောင် ကြီးရဲစခန်းက ပုဒ်မ ၃၇၆ ဖြင့် ဧပြီ ၂၃ ရက် ည ၁၁ နာရီ၌ ဖမ်းဆီးရမိခဲ့ပြီး အမှုကို စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

http://www.7daydaily.com/


25 Apr 2016     1,408 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS