BEC-TERO TV

ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးတစ်ဦး လေယာဉ်ပေါ်၌ သားယောင်္ကျားလေး တစ်ဦး မွေးဖွား

23 Apr 2016     1,463 Views


ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးတစ်ဦး ဧပြီ ၂၂ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်က လေယာဉ်ပေါ်တွင် သားယောင်္ကျားလေးတစ်ဦး မွေးဖွားခဲ့ကြောင်း Aviation Police-YGN Facebook မှ ဖော်ပြထားချက်အရ သိရသည်။ Jetstar လေကြောင်းလိုင်းမှ လေယာဉ်ခရီးစဉ် အမှတ် 3K-583 သည် စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ဧပြီ ၂၂ ရက်နေ့ ၆ နာရီ ၃၅ မိနစ်အချိန်တွင် ဆိုက်ရောက်ခဲ့ပြီး အဆိုပါလေယာဉ်ဖြင့် လိုက်ပါလာသည့် ခရီးသည် ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီး တစ်ဦးသည် လေယာဉ်ဆိုက်ရောက်ပြီး ဇီးရိုးပါကင်တွင် ရပ်နားစဉ် ကလေးမီးဖွားရန် ဗိုက်နာလာသဖြင့်

လေယာဉ်ပေါ်ရှိ လေယာဉ်မယ်များနှင့် ရန်ကုန်လေဆိပ် တာဝန်ကျ ဆရာဝန် (အမျိုးသမီး) တို့မှ မီးဖွားရန် ကူညီဆောင်ရွက်ပေးခဲ့ရာ ၆ နာရီ ၄၅ မိနစ်အချိန်တွင် သားယောင်္ကျားလေး တစ်ဦးအား လေယာဉ်ပေါ်တွင် မွေးဖွားခဲ့ကြောင်း သိရသည်။ ယင်းနောက် ကလေးနှင့် မိခင်အား ရန်ကုန်လေဆိပ်မှ မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ ဧပြီ ၂၂ ရက် ည ၇ နာရီ ၁၅ မိနစ် အချိန်တွင် လူနာတင်ယာဉ်ဖြင့် ဆရာဝန်များ လိုက်ပါလျက် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

https://www.facebook.com/ElevenMediaGroup/


23 Apr 2016     1,463 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS