လွိုင်ဆမ်ဆစ် သင်္ဘော ဓားမြ တိုက်တဲ့သူတွေကို ရဲများက လိုက်လံ ဖမ်းစီးရမိ
18 Apr 2016 1,514 Views

နောက်ကြည့်ကျွန်း ကျွန်းစွယ်တွင် ယမန်နေ့ ၁၇ . ၄ .၂၀၁၆ နေ့ခင်း ၂ နာရီခန့် လွိုင်ဆမ်ဆစ် ကျောက်မီးသွေး သဘောအား လူ ၁၀ ဦးခန့် ဓါးများ ကိုင်ဆောင် ဓါးပြတိုက်မှုဖြစ်ပွား အချိန်နှင့် တပြေးညီ ရေကြောင်း ရဲတပ်ဖွဲ့ အမရပူရ ရဲတပ်ဖွဲ့ တံတားဦးရဲတပ်ဖွဲ့ စစ်ကိုင်း ရဲတပ်ဖွဲ့တို့ ချက်ချင် လိုက်လံ ဖမ်းဆီး နိုင်ခဲ့သည်။
တရားခံများကို လက်ရှိ ၆ ဦး ဖမ်းဆီးရမိ ပြီးဖြစ်ပါသည်။
ဖြစ်ပွားချိန် အချိန်ပိုင်း အတွင်း အချိန်နှင့် တပြေးညီ ဖမ်းဆီး ဖော်ထုတ်နိုင်ခဲ့ပြီး ငွေသား ၈ သိန်းကျော်နှင့် ရွှေထည် လက်ဝတ် ရတနာများ၊ ပစ္စည်း မျိုးစုံကို ပြန်လည် သိမ်းဆည်း ရမိခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြည်သူကို အကာကွယ်ပေးသော ရဲတပ်ဖွဲ့အား အထူးပင် လေးစားဂုဏ်ယူပါသည်
ဇေခန့်နောင်