လေဗူဘောင်းတွေနဲ့ ပြုလုပ်ထားတဲ့ မင်္ဂလာဂါဝန်
07 Apr 2016 1,501 Views
တရုတ် ရှန်းတုန်းပြည်နယ် ချင်းတော်မြို့မှာနေထိုင်တဲ့ အသက် 25နှစ်ရှိပီဖြစ်တဲ့ Lu Kepeng ဟာ ချစ်သူအတွက် ရိုးရိုးသာမန် မင်္ဂလာပွဲနဲ့ မတူခြားနားပြီး တစ်သက်လုံးမမေ့နိုင်အောင် ထူးထူးဆန်းဆန်း မင်္ဂလာပွဲကို ကျင်းပပေးဖို့အတွက် လေဗူဘောင်း အကျီင်္ ၂စုံ ကို ပြုလုပ်ပေးခဲ့ပါတယ် ။
April 4 ရက်နေ့က ရိုက်ခဲ့တဲ့ pre-wedding photos မှာတော့ ဗူဘောင်း အဖြူလေးတွေ နဲ့ ပဲ လုပ်ထားတဲ့ ဂါဝန်ကို တွေ့ရပါတယ်။နောက်တထည်ကတော့ အရောင်စုံ ဗူဘောင်းလေးတွေနဲ့ လုပ်ထားတဲ့ ဂါဝန်ပဲ ဖြစ်ပါတယ်။
တစ်ညလုံးအတွင်း လေဗူဘောင်း ၆၀၀ကျော်ကို ပြုလုပ်ပြီး အဲဒီလေဗူဘောင်းတွေနဲ့ မင်္ဂလာဂါဝန်ကို ချုပ်လုပ်ပေးခဲ့တာပါ ။ Lu Kepeng ရဲ့ စိတ်ကူးလေးဟာ တော်တော် ကောင်းပါတယ် သူ့ ရဲ့ ချစ်သူ လဲ ဗူဘောင်းဂါဝန်လေးကို ၀တ်ရလို့ အရမ်းပျော်နေပုံလေးတွေကို လဲ တွေ့ရပါတယ်။
Credit : CRI