အိမ်အကူအားအဓမ္မကျင့်ကာရတနာပစ္စည်းများယူဆောင်သွားသူကို ထောင် ၁၇ နှစ်ချ
07 Apr 2016 1,402 Views

လှိုင်သာယာမြို့နယ်၊ FMI City အတွင်းရှိ နေအိမ်တစ်အိမ်တွင်အိမ်အကူမိန်းကလေးကိုဓားထောက်ကာ
အဓမ္မပြုကျင့်ခဲ့ပြီးအိမ်ရှိရွှေထည်ပစ္စည်းနှင့်ငွေကြေးများ ယူဆောင်သွားသူကိုမြောက်ပိုင်းခရိုင်တရားရုံးမှ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၇နှစ်ချမှတ်လိုက်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ၁၂ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါအမျိုးသားသည် မီးခံသေတ္တာအတွင်းမှ ကျပ်သိန်း
၂၃၀ ကျော်တန်ဖိုးရှိရတနာပစ္စည်းများအပါအ၀င် ဒေါ်လာများလုယူသွားခဲ့ခြင်းဖြစ်သည် ။
ထို့ကြောင့်ကျူးလွန်သူကို မုဒိမ်းမှု ပုဒ်မ ၃၇၆ ၊လုယက်မှုပုဒ်မ ၃၉၂ တို့ဖြင့် အလုပ်ကြမ်းနှင့်
ထောင်ဒဏ် ၁၇ နှစ် ယနေ့ချမှတ်ခဲ့ကြောင်း သိရသည်