BEC-TERO TV

အကယ်ဒမီဆုပေးပွဲပြီးနောက် Online ပေါ်မှာ နာမည်ကြီးနေတဲ့ ဖိုးတခေတ်ဆုတွေပါ .. ( Just For Fun )

06 Apr 2016     1,639 Views


ဘယ်သူက ရေးသားဖော်ပြထားတယ်လို့တော့ မသိရပေမယ့် တကယ့်ကို ဟာသ ညဏ်ရွှင်တယ်လို့ ပြောရမှာပါ ။ 

အကယ်ဒမီ ဆုပေးပွဲပြီးနောက် Facebook ပေါ်မှာ နာမည်ကြီးတဲ့သူတွေအတွက် ကို ဖိုးတခေတ်ဆုပေးထားတဲ့ အကြောင်း ရေးသားဖော်ပြထားတာပဲဖြစ်ပါတယ် ။ 

မျက်ခွက်အပြောင်ဆုံး ဖိုးတစ်ခေတ်ဆု
***************************
ယခုနှစ်အတွက် မျက်ခွက်အပြောင်ဆုံး ဖိုးတစ်ခေတ်ဆုကို ဇော်ကြီး(စတီဗင်ဇော်ကြီး) ကရရှိသွားပါတယ်။ သူဟာ ပြောင်မြောက်တဲ့ ကကွက်များနဲ့အတူ ရေလည်လန်းတဲ့ စာသားများဟာ အပိုအလိုမရှိ ကျရာဇာတ်ရုပ်တွင် ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့အတွက် ယခုလိုဆု ရရှိခဲ့ခြင်းလည်း ဖြစ်ပါတယ်။ မိမိနှင့်အတူပါလာသော အဖော်ကို ဓားဖြင့်ထိုးဟူသော ရုပ်ရှင်ဇာတ်ကားကြီးတွင်လည်း အမှန်တကယ်ပြောင်မြောက်စွာ သရုပ်ဆောင်မှုများနှင့်အတူ ဖိုးတစ်ခေတ် ဗလာရုပ်ထုကြီးကို ရရှိခဲ့ခြင်းလည်း ဖြစ်ပါတယ်။
.

ဘောင်အ၀င်ဆုံးဖိုးတစ်ခေတ်ဆု
***************************
ယခုနှစ်အတွက် ဘောင်အ၀င်ဆုံးဖိုးတစ်ခေတ်ဆုကို ပိုင်တံခွန်က ရရှိသွားပါတယ်။ သူဟာ ပြောင်မြောက်သော ဘောင်ဝင်မှုများနှင့်အတူ ဖေ့ဘုတ်လောကကို လွှမ်းမိုးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ သည်းခံနိုင်စွမ်းကြီးမားပြီး ကျရာဇာတ်ရုပ်တွင် ကြိုက်တဲ့သူကို ကြိုက်သလို ဘောင်ထဲမှနေ၍ ချက်ဘောက်တွင် ညင်သာခန့်ညားတည်ကြည်စွာ အချက်ကျအလက်ကျ ရှင်းပြနိုင်ခဲ့ပြီး အင်မတန် ဘောင်ဝင်နိုင်ခဲ့သူ ဖြစ်သောကြောင့်လည်း ယခုလို ဘောင်အ၀င်ဆုံးဆုကို အခြား သရုပ်ဆောင်များအား ဖြတ်ကျော်ပြီး ဖိုးတစ်ခေတ်ဗလာရုပ်ထုကို ရရှိပိုင်ဆိုင်နိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
.

အဆဲခံရဆုံး ဖိုးတစ်ခေတ်ဆု
***************************

ယခုနှစ်အတွက် အဆဲခံရဆုံး ဖိုးတစ်ခေတ်ဆုကို ရဲလွင်မြင့်က ရရှိသွားပါတယ်။ သူဟာ ပုဒ်မ ၅၉(စ) ပြင်ဆင်ရေးနဲ့ပတ်သတ်ပြီး ရဲရဲတောက်ဖေ့ဘုတ်တွင်ရေးတင်ပြီးနောက် ရဲရဲတောက် တောင်းပန်ခဲ့သူအဖြစ်လည်း လူသိများလှသည်။ ကျရာဇာတ်ရုပ်တွင် အဆဲခံရစေရန် နည်းလမ်းပေါင်းစုံသုံးပြီး ပြုလုပ်ခဲ့မှုများကြောင့် အဆဲခံရဆုံးဆုကို ဦးဝီရသူ၊ ရဲမိုး၊ လှဆွေတို့ကို ကျော်ဖြတ်ကာ ယခုကဲ့သို့ ဖိုးတစ်ခေတ် ဗလာရုပ်ထုကို ရရှိခဲ့ခြင်းလည်း ဖြစ်ပါတယ်။
.

အဟုတ်နိုင်ဆုံး ဖိုးတစ်ခေတ်ဆု
***************************
ယခုနှစ်အတွက် အဟုတ်နိုင်ဆုံး ဖိုးတစ်ခေတ်ဆုကို အဆိုတော် G-Fatt ကရရှိသွားပါတယ်။ သူဟာ ကျလေရာနေရာမှာ အဟုတ်နိုင်ဆုံးဖြစ်ပြီး မည်သူနှင့်မဆို ဟုတ်နိုင်လွန်းသဖြင့် အဟုတ်နိုင်ဆုံးဆုကို ရရှိခဲ့ခြင်းလည်း ဖြစ်ပါတယ်။ သာမန်ဟုတ်ချင်ယောင်ဆောင်မှုမျိုးမဟုတ်ဘဲ အမှန်တကယ်ဟုတ်နိုင်သောကြောင့်လည်း ဖြစ်ပါတယ်။ ဟိုဘက်ရပ်ကွက်ကကောင်ကို ပြောတာ ရုပ်ရှင်ဇာတ်ကားကြီးဖြင့် ဖိုးတစ်ခေတ်ဗလာရုပ်ထုကို ထိုက်တန်စွာ ရရှိခဲ့ခြင်းလည်း ဖြစ်ပါတယ်။

.

ဖိုးတစ်ခေတ်ဇာတ်ညွှန်းဆု
***************************
ယခုနှစ်အတွက် ဖိုးတစ်ခေတ်ဇာတ်ညွှန်းဆုကို ထားသခင်က ရရှိသွားပါတယ်။ သူမဟာ ပြောင်မြောင်သောရေးသားချက်များသည် အပြင်လောကတွင် အမှန်တကယ်ဖြစ်နေသည့်အလား ညွှန်းဆိုခဲ့ပြီး ကောင်းမွန်သော စကားလုံးသုံးစွဲမှုများဖြင့် ပရိတ်သတ်နှစ်ခြိုက်စေခဲ့သည့်အတွက်လည်း အဆိုပါဆုကို ရရှိခဲ့ခြင်းလည်းဖြစ်ပါတယ်။လူတိုင်းပါးစပ်ဖျားတွင် ထားသခင် ထားသခင် ဖြစ်စေခဲ့ပြီး ၎င်း၏ လှပဆန်းသစ်သော ကကွက်များကလည်း ထားသခင်နာမည်ကို အကောင်အထည်ပေါ်လွင်စေရန် ပံ့ပိုးပေးခဲ့ခြင်းကြောင်းလည်း ဖိုးတစ်ခေတ် ဗလာရုပ်ထုကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။
.

အပြောင်မြောက်ဆုံး ဖိုးတစ်ခေတ်ဆု
***************************
ယခုနှစ်အတွက် အပြောင်မြောက်ဆုံး ဖိုးတစ်ခေတ်ဆုကို ဇွန်သင်ဇာက ရရှိခဲ့ပါတယ်။ သူမသည် ဓါတ်ပုံများတွင်သာမက ဗီဒီယိုရိုက်ကူးမှုများတွင် ပြောင်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပြီး အမှန်တကယ် ပြောင်မြောက်ကြောင်း ထောက်ခံအားပေးမှုများကြောင့်လည်း ဖိုးတစ်ခေတ် ဗလာရုပ်ထုကို ကဗျာကို ဇာဇာထက် အစရှိသည့် မော်ဒယ်များကို ကျော်လွန်ပြီး ရရှိခဲ့ခြင်းဖြစ်ပါတယ်။ သူမ၏ ရွှေပြောင်ပြောင် ဇာတ်ကားကြီးတွင် အပြောင်မြောက်ဆုံးလက်ရာကို ပြသနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

.

အဖားနိုင်ဆုံးဖိုးတစ်ခေတ်ဆု
***************************
ယခုနှစ်အတွက် အဖားနိုင်ဆုံးဖိုးတစ်ခေတ်ဆုကိုတော့ ရုပ်ရှင်အစည်းအရုံးဥက္ကဌ လူမင်းက ရရှိခဲ့ပါတယ်။ သူရဲ့ ပြောင်မြောက်သော ဖားမှုများနှင့်အတူ အဆိုပါဆိုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ခြင်းလည်း ဖြစ်သည်။ ဘုန်းတော်ဘွဲ့ ဂုဏ်တော်တင်မှုများကို မည်သည့် ရုပ်ရှင်သရုပ်ဆောင်များမှ မမီစေရန် ရှည်လျားစွာ ပြောဆိုခဲ့မှုများကြောင့်လည်း နှစ်နှစ်ဆက်တိုက် ရရှိခဲ့ခြင်းလည်းဖြစ်ပါတယ်။ အကယ်ဒမီပွဲမှသည် နိုင်ငံရေးစကားဝိုင်းဆီသို့ ဇာတ်ကားကြီး၌ ပြောင်မြောက်စွာ ဖားနိုင်မှုများကြောင့်လည်း ယခုလိုဆုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
.

အကိုင်နိုင်လွန်းဆုံးဖိုးတစ်ခေတ်ဆု
***************************
ယခုနှစ်အတွက် အကိုင်နိုင်လွန်းဆုံးဖိုးတစ်ခေတ်ဆုကိုတော့ သရုပ်ဆောင် ဇေရဲထက်က ရရှိသွားပါတယ်။ ဇေရဲထက်ဟာ သူမတူအောင် ပြောင်မြောက်စွာကိုင်နိုင်မှုများကြောင့် ယခုကဲ့သို့ ဆုရရှိခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ပေါက်စီနှိုက်မြည်းဤခရီး ဇာတ်ကားကြီးနဲ့လည်း သရုပ်ဆောင်ပေါင်းများစွာကို ရိုက်ချက်တိုင်းမှာ အားပါးတရ ကိုင်နိုင်လွန်းမှုများကြောင့်လည်း ဒီလိုဆုကို အခြားသရုပ်ဆောင်တွေကို ကျော်ဖြတ်ပြီး ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
.

အပြင်နိုင်ဆုံးမှတ်တမ်းဓာတ်ပုံဆု
***************************
ယခုနှစ်အတွက် အပြင်နိုင်ဆုံးမှတ်တမ်းဓာတ်ပုံဖိုးတစ်ခေတ်ဆုကို မေသရဖီဝင်းသန်း(ဖီဖီ)မှရရှိသွားပါတယ်။ ဖီဖီ၏ application အထူးပြုလုပ်ချက်များသည် Hollywood ထက်များစွားသာလွန်ကာ မှောင်နေသည့်အသားရောင်အား တရုတ်မကဲ့သို့ဖြူဖွေးစေချင်း သံတိုင်ကွေး၊ကြွေပြားကော့ခြင်းများမရှိစေပဲ ဝက်ကဲ့သို့သောကိုယ်ခန္ဓာအားကိတ်အောင်ပြင်ဆင်နိုင်ခြင်းတို့ကြောင့် ဖေ့ဘုတ်ရှိ စကီလေးများအားကျော်လွန်ပြီး ဖိုးတစ်ခေတ်ဗလာရုပ်တုဆုကိုရရှိသွားခဲ့သည်။

 


06 Apr 2016     1,639 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS