BEC-TERO TV

စစ်ကိုင်းမှာ ရှေးဟောင်း ဘုရားဆင်းတုတော် ၂၅ ဆူ ခိုးယူခံရ

28 Mar 2016     1,674 Views


စစ်ကိုင်းတိုင်းဒေသကြီး ၊ တန့်ဆည်မြို့ ဗိုလ်မြရပ်ကွက် ကန်ဖျား ဘုန်းကြီးကျောင်းမှ ကာလတန်ဖိုး ကျပ် ၃၅ သိန်းဖိုးရှိ ရှေးဟောင်း ဘုရား ဆင်းတုတော် ၂၅ ဆူ ခိုးယူခံရမှု ဖြင့် မတ်လ ၂၁ ရက်တွင် တန့်ဆည်မြို့ မရဲ စခန်းမှ အမှုဖွင့်ခဲ့ကြောင်း သိရပါတယ် ။

“ ဘုရားခိုးခံရတဲ့ ညက ဦးဇင်း မရှိဘူး ၊ ရန်ကုန် သံဃာ့နာယက အစည်းအဝေး ရောက်နေတာ ။ သော့ရိုက်ဖွင့်ပြီး ခိုးသွားတာ ။ ရှေးဟောင်း ဘုရားတွေပါ ။ အခုလည်း ဒါယကာ တစ်ဦးက စခန်းမှာ အမှုဖွင့်တယ် “ ဟု ကျောင်းထိုင် ဆရာတော် ဦးနာဂဝံသက မိန့်ကြားခဲ့ပါတယ် ။

မတ် ၁၆ ရက် ညတွင် ကျောင်း ၌ ဦးပုဇဉ်း ၂ ပါး နှင့် ကိုရင် ၉ ပါး သီတင်းသုံး နေစဉ် ပင်းယခေတ် ၊ ကုန်းဘောင်ခေတ်ဦး နှင့် ကိုလိုနီ ခေတ်နှောင်းပိုင်း မှ တင်ပလ္လင်ခွေ ၊ ရပ်တော်မူ ဘုရားများဖြစ်သည့် ကြေးဆင်းတုတော် ၊ သစ်သား ရုပ်ပွားတော် ၊ ရွှေပြား ၊ အုတ် ၊ သစ်သားရုပ်ပွားတော် စသည့် ရှေးဟောင်းဘုရားများ အခိုးခ့ခဲ့ရပါတယ် ။

“ ဘုရားခိုးတဲ့ အမှုနဲ့ ပါတ်သတ်ပြီး မနေ့ကမှ အမှုဖွင့်သွားတာပါ ။ တရားခံကတော့ မမိသေးပါဘူး “ ဟု တန့်ဆည်မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့ပါတယ် ။ 


28 Mar 2016     1,674 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS