တရုတ်နိုင်ငံသို့ ကျယ်ပြန့်စွာ စီးဆင်းနေတဲ့ ဆံပင်ဈေးကွက်
24 Mar 2016 1,721 Views

ဆံပင်ညှပ်ဆိုင်မှာဖြစ်ဖြစ်၊ တစ်လမ်းဝင် တစ်လမ်းထွက် သွားလာပြီးပဲဖြစ်ဖြစ် ဆံပင်လိုက် ၀ယ်သူတွေကို သတိထားမိကြပါလိမ့် မယ်။ နောက်ပြီးတော့ အမျိုးသမီးလေးတွေ ဆံပင်ရောင်းချပြီး ဘုရားလှူတဲ့ အဖြစ်အပျက် တွေလည်း ကြားဖူး၊ သိဖူးကြပါလိမ့်မယ်။ ဒါပေ မဲ့ အဲဒီလိုဝယ်ယူပြီးနောက် ဆံပင်တွေက ဘယ်ကိုသွားသလဲ၊ ဘယ်လိုမျိုး အရောင်း အ၀ယ် လုပ်သလဲဆိုတာကို အများစုက အမှတ်တမဲ့ပဲ ရှိကြမှာပါ။ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ ဆံပင်အရောင်းအ၀ယ်လုပ်တာတွေ မြင်ဖူးကြပါ လိမ့်မယ်။
ရန်ကုန်မှာတော့ မြို့လယ်ဈေးတွေ ထဲမှာကိုပဲ အ၀ယ်ဒိုင် ဖွင့်လှစ်ဝယ်တာမျိုးတွေ ရှိပါတယ်။ နောက်ထပ် ဆံပင်အရောင်းအ၀ယ်လုပ် ငန်း တွင်တွင်ကျယ်ကျယ် လုပ်တာကတော့ မန္တလေးတိုင်း သာစည်၊ ပျော်ဘွယ်မြို့နယ်အတွင်းက ကျေးရွာတွေ ဖြစ်ပါတယ်။ မိုးခေါင် ရေရှားခြင်း၊ လယ်ယာ စိုက်ပျိုးဖို့ ခက်ခဲခြင်း တွေက အဲဒီဘက်က အရပ်ဒေသတွေကို ဒီလုပ် ငန်းတစ်ခုတည်းကိုပဲ ဇောက်ချ လုပ်ကိုင်လာ စေခဲ့ပါတယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာ တဲ့ အဲဒီဘက် အရပ်ဒေသအတွက် ဆံပင်တွေ ကို ဆံပင်တုလုပ်ငန်းတွေအတွက် သန့်စင်၊ အတိုအရှည်ခွဲပြီး တရုတ်နိုင်ငံကို မူဆယ်လမ်းကြောင်းက တစ်ဆင့် ပို့ဆောင်တာဟာ တစ်စထက် တစ်စ အလုပ်ဖြစ်လာခဲ့ပုံပါပဲ။
လုပ်ငန်းအတွက် ကုန်ကြမ်းဆံပင်တွေကို ဘယ်လိုနည်းနဲ့ စုဆောင်း သလဲဆိုတဲ့ မေးခွန်း ကိုတော့ သာစည်မြို့နယ်မှာရှိတဲ့ နှင်းခွက်အိုင်ကျေးရွာက ဆံပင်လုပ်ငန်း လုပ်ကိုင်သူ ကိုအောင်ရဲသူဆီက မထင်မှတ်တဲ့ အဖြေတစ်ခု ရလိုက်ပါတယ်။ "ကျွန်တော်တို့က ပြန်ဝယ်တာပါ။ မန္တလေး က ဒိုင်တွေဆီကပဲ"လို့ သူက ဆိုပါတယ်။ မန္တလေးဒိုင်တွေကတော့ ဆံပင်တွေကို တမူးဘက်ကနေ တင်သွင်းပြီး ဖြန့်ပါတယ်။ အ၀ယ်ဒိုင်တွေက ပြန်ဝယ်ပြီး ဆိုက်ခွဲ၊ ပြင်ဆင် ပြီး တရုတ်ပြည် ပြန်ပို့ကြတာလို့ သိရပါတယ်။
"တမူးဘက်ကနေ ဆံပင်တွေ တင်သွင်း တာ ဟုတ်ပါတယ်။ လေး၊ ငါးနှစ်တောင် မက တော့ဘူး"လို့ အိန္ဒိယ အထက်မြန်မာပြည် စီးပွားရေး အသင်းရဲ့ ဒုတိယဥက္ကဋ္ဌ ဦးထွန်းရွှေ က ပြောပါတယ်။ "(ကုန်ကြမ်း ဆံပင်တွေကို) တစ်ရွာဝင် တစ်ရွာထွက် မ၀ယ်ဖြစ်တော့ဘူး" လို့ ကိုအောင်ရဲသူက ပြောပါတယ်။ သူ့ရဲ့ ရွာမှာ တစ်ရွာလုံး အဲဒီ ဆံပင်အရောင်းအ၀ယ်လုပ် ငန်း လုပ်ကိုင်ကြတယ်လို့ ဆိုပါတယ်။ အိမ်ခြေ ၃၅၀ မှာ အကုန်လုံး လုပ်ငန်းလုပ်ကြပြီး လူ ၃၀၀ က အ၀ယ်ဒိုင်လုပ်ငန်း လုပ်ကြတယ်"လို့ ဆိုပါတယ်။
https://www.facebook.com/themyanmartimes/