မိကျောင်းကန်ပေါ်မှာ ကြိုးတန်းတွယ်စီးလို့ရတဲ့ အမေရိကန်က တိရစ္ဆာန်ရုံ
24 Mar 2016 1,517 Views
အမေရိကန် နိုင်ငံ ဖလော်ရီဒါမြို့ရှိ စိန့်အော်ဂတ်စတင်း တိရစ္ဆာန်ရုံတွင် လာရောက်လည်ပါတ်သူများအား မိကျောင်းကန် ပေါ်မှ ကြိုးတန်း တွယ်စီးနိုင်အောင် ပြုလုပ်ပေးထားပါတယ် ။
မိကျောင်းကန်ထဲမှတော့ မိကျောင်းအမျိုးအစား စုံစုံလင်လင်ရှိပြီး ဒီမိကျောင်းကန်ရဲ့ ဆွဲဆောင်မှုကြောင့် နှစ်စဉ် လာရောက်လည် ပတ်သူ ၂၀၀,၀၀၀ ခန့်ရှိပါတယ် ။
မိကျောင်းကန်ပေါ် က ကြိုးတန်းတွယ်စီးခြင်းကို တင်ခဲ့ပြီးနောက် ငါးနှစ်အတွင်း အလွန်လူကြိုက်များခဲ့ပြီး သက်တမ်း ၁၂၃ နှစ်ရှိတဲ့ တိရစ္ဆာန်ရုံအတွက် လည်း ဧည့်သည်များကို ဆွဲဆောင်နိုင်ခဲ့ပါတယ် ။
တိရစ္ဆာန်၇ုံ ဒါရိုက်တာ ဂျွန်ဘရူဂှင်က “ အမေရိကန် မှာ စွန့်စွန့် စားစား လုပ်ရတာတွေကို အရမ်းလူကြိုက်များနေပါတယ် ။
ဒါကြောင့် ကျွန်တော်တို့လည်း ထူးထူးခြားခြား လုပ်ဆောင်ကြည့်ခဲ့တာပါ “ ဟုပြောပြပါတယ် ။
၎င်း တိရစ္ဆာန်ရုံ ရဲ့ အစီအစဉ်က ဧည့်သည်များကို သာမန် တိရစ္ဆာန်ရုံများထက် ပိုမို အတွေ့အကြုံ ရရှိစေရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မိကျောင်းကန် ပေါ်မှ ကြိုးတန်း တွယ်စီးသူများကို လုံခြုံရေးကြိုး နှစ်ကြိုး နှင့်လည်း ချိတ်ဆက်ထားတာကြောင့် မိကျောင်းကန်ထဲသို့ ကျသွားမည်ကို မစိုးရိမ်ရဘူးလို့ သိရပါတယ် ။
တိရစ္ဆာန်ရုံကို ၁၈၉၃ ခုနှစ် မှာ အမေရိကန်မိကျောင်းများကို ပြသရန် အဓိက ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး မိကျောင်း အမျိုးစိတ်ပေါင်း ၂၄ ခုရှိ လက်ရှိ ရှိပါတယ် ။