BEC-TERO TV

iPhone နှင့် မော်တော်ဆိုင်ကယ် ဝယ်ယူဖို့အတွက် မွေးကင်းစကလေးကို ရောင်းချခဲ့တဲ့ ဖခင်

22 Mar 2016     1,426 Views


၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံမှ ဖခင် တစ်ဦးမှာ မိမိ မွေးကင်းစကလေးကို သူစိမ်းသူအား ရောင်းချခဲ့ခြင်းဖြစ်သည် ။ သူ ၏ မွေးကင်းစ သမီးငယ်ကို သူစိမ်း တစ်ဦးသို့ ရောင်းချခဲ့ချိန်မှာ သူ၏ အသက် မှာ ၁၈ နှစ် သာ ရှိသေးသည် ။

သူသည် ဖခင် တစ်ဦးဖြစ်လာရန် ဆန္ဒ မရှိခဲ့သလို  ကလေးငယ်၏ ကျွေးမွေး စောင့်ရှောက် စရိတ်များအတွက် စိုးရိမ်ပူပန် ခဲ့သည် ။

သူသည် အထက်ကျောင်းမပြီးခဲ့သလို ကလေးငယ် ၏ မိခင်ဖြစ်သူမှာ လည်း အသက်မပြည့်သေးသူ ဖြစ်သည် ။

သူသည် အင်တာနက်ဆိုင်တွင်  QQ မှ တဆင့် ကလေးငယ်ကို ဝယ်ယူလိုသည့် သူနဲ့ ဆုံတွေ့ခဲ့ပြီး ဒေါ်လာ ၃၅၂၀ ဖြင့် ရောင်းချရန် သဘောတူညီခဲ့သည် ။

ထိုပမာဏ သည် iPhone 6 အသစ်တစ်လုံး နှင့် မော်တော် ဆိုင်ကယ်တစ်စီး ဝယ်ယူရန် လုံလောက်သည့် ပမာဏ အဖြစ် ဆုံးဖြတ်ခဲ့ပြီး မိခင် ရဲ့ သဘောတူညီမှု ကို ပင်ရရှိရန် မကြိုးပမ်းဘဲ ရောင်းချ ခဲ့ခြင်း ဖြစ်သည် ။

ရောင်းချ ခဲ့စဉ်တွင် ကလေးငယ်၏ အသက်မှာ ၁၈ ရက်သာရှိသေးသည် ။

ဝယ်ယူခဲ့သူ ကလေးမရနိုင်သည့် အစ်မဖြစ်သူကို ပေးခဲ့သော်လည်း များမကြာမီပင် ထိုကလေးငယ် ၏ ဇစ်မြစ် နှင့် စပ်လျဉ်းကာ မေးခွန်းများဖြစ်လာခဲ့ပြီး ရဲတပ်ဖွဲ့ မှ စတင်စုံစမ်းစစ် ဆေးရ မှာ အဖြစ်မှန် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည် ။

ရောင်းချခဲ့သူ ဖခင်အား ထောင်ဒဏ် ၃ နှစ် နှင့် မိခင် ဖြစ်သူအား ဆိုင်းငံ့ ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်ခဲ့သည် ။ ဝယ်ယူခဲ့သူအားလည်း လူသားတစ်ဦး ဝယ်ယူမှုဖြင့် ထောင်ဒဏ် ၁ နှစ် ချမှတ်နိုင်ကြောင်း လည်း သိရှိရသည် ။

တရားသူကြီးက မွေးမိဘများ ၏ တာဝန်ပျက်ကွက် လစ်ဟင်းမှု နှင့် မွေးစားမိခင်ထံ မှ ရရှိသော ကောင်းမွန်သည့်  စောင့်ရှောက်မှု အဆင့်အတန်းများကြောင့် ကလေးငယ်ကို မွေးစားမိခင် မှ အုပ်ထိန်းခွင့်ရရှိသင့်ကြောင်း ဆုံးဖြတ်ခဲ့သည် ။ 


22 Mar 2016     1,426 Views




RELATED

Most Popular of International News

Most Popular of NEWS