အရွယ်ပြန်သေးသွားတဲ့ Apple ရဲ့ နောက်ထပ် Smartphone အသစ် iPhone SE
22 Mar 2016 1,449 Views
Apple ရဲ့ နောက်ဆုံးထွက်တဲ့ ဒီ iPhone အသစ်ဟာ ၄ လက်မ အရွယ်သာရှိပေမယ့် အတွင်းပိုင်းစွမ်းဆောင်ရည်ကတော့ အရမ်းကိုကောင်းမွန်ကြောင်းကို ၄ လက်မ အရွယ် ရှိသမျှ Smartphone တွေထဲမှာ အကောင်းဆုံးသောဖုန်းပါလို့ Apple ကုမ္ပဏီကဆိုပါတယ် ။
iPhone 5s ထက် 50% ပိုမြန်အောင် ထုတ်လုပ်ထားပါတယ် လို့ပြောပြီး iPhone SE ရဲ့ CPU နဲ့ GPU တွေ ဟာ iPhone 5s ထက် ၃ ဆ ပိုကောင်းတယ်လို့ဆိုပါတယ် ။
“ iPhone 6s နှင့် iPhone 6s Plus မှာ အသုံးပြုထားတဲ့ 64bit Apple A9 chip ကို အသုံးပြုထားပါတယ် ။ “ လို့ Apple ရဲ့ လက်ထောက် ဥက္ကဌ မှ ပြောကြားခဲ့ပါတယ် ။
iPhone SE ရဲ့ camera ကတော့ 12 MP ရှိပြီး 64MP ပမာဏရှိ panorama ဓါတ်ပုံအမျိုးအစားအထိ ရိုက်ကူးနိုင်မှာဖြစ်ပြီး “ True Tone “ Flash နည်းပညာသစ်ကို မိတ်ဆက်ပေးထားပါတယ် ။
ဈေးနှုန်းကလည်း အရင် iPhone တွေထက်သက်သာမယ်လို့ ပြောထားပါတယ်။ 16 GB iPhone SE ကို USD 399 မှ စပြီး 64 GB iPhone SE ကို USD 499 ဖြင့်ရောင်းချပေးမယ်လို့ သိရပြီး March လအကုန်မှာ Pre-Order တွေ လက်ခံသွားမယ်လို့ပြောပါတယ် ။