BEC-TERO TV

အင်တာနက်မှတဆင့် သိကျွမ်းသူကို အလိုမတူဘဲ သားမယား အဖြစ်ပေါင်းသင်းခဲ့တဲ့ အမှု

21 Mar 2016     1,483 Views


ဖုန်းအင်တနက် က တဆင့် သိကျွမ်းသူက အလိုမတူဘဲ သားမယား အဖြစ် ပေါင်းသင်းဆက်ဆံလို့ အမှုဖွင့် အရးယူမှု တစ်ခု လှိုင်သာယာမြို့နယ်မှာ ဖြစ်ပွားပါတယ် ။

ဧရာဝတီတိုင်း ဒေသကြီးနေ အသက် ၁၅ နှစ် ၁၀ လ အရွယ် မ--- ဟာ လွန်ခဲ့တဲ့ တစ်နှစ်ခန့်က စပြီး မြောက်ဥက္ကလာပမြို့နယ် မှာ အိမ်ဖော် အဖြစ်လုပ်ကိုင်ပါတယ် ။

မ… ဟာ လှိုင်သာယာမြို့နယ် နေ အသက် ၂၁ နှစ် အရွယ် ကို…. နဲ့ ဖုန်း အင်တာနက် ကဆင့် သမီးရည်းစား ဖြစ်ခဲ့ကြောင်း ၊ မတ်လ ၅ ရက်နေ့က ဒဂုံဧရာ အဝေးပြေးမှာ ငွေလာလွှဲစဉ် ကို…. နဲ့တွေ့ ဆုံပြီး လှိုင်သာယာမြို့နယ် ရှိ တည်းခိုခန်းတစ်ခုမှာ ကို…. က အလိုမတူဘဲ သားမယား အဖြစ် ပေါင်းသင်း ဆက်ဆံခဲ့ကြောင်းကို သိရှိရပါတယ် ။

အလိုမတူဘဲ သားမယား အဖြစ် ပေါင်းသင်းဆက်ဆံသူ ကို …. ကို အရေးယူပေးဖို့ မ… ရဲ့ ဖခင်က တရားလို ပြုလုပ်ပြီး လာရောက်တိုင်တန်းတာကြောင့် သောင်ကြီးနယ်မြေ ရဲစခန်း က (ပ)၁၆၀/၂၀၁၆ ၊ ပြစ်မှု ပုဒ်မ ၃၇၆/၃၆၃ နဲ့ အမှုဖွင့်ပြီး ဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရပါတယ် ။ 


21 Mar 2016     1,483 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS