မန္တလေး ရွှေထီး ဟိုတယ်၌ အမျိုးသမီး တဦး သေဆုံးလျက် တွေ့ရှိ
17 Mar 2016 1,757 Views

မန္တလေးမြို့ချမ်းမြသာစည်မြို့နယ် ၆၂ လမ်း ၆၀ ကြားချယ်ရီလမ်းရှိရွှေထီးဟိုတယ် တတိယထပ်ရှိအခန်းနံပါတ် ၃၀၉ အမျိုးသမီးတဦးသေဆုံးလျက်တွေ့ ယနေ့ (မတ် ၁၇) ရက် နေ့ကတွေ့ရှိခဲ့ကြောင်းသတင်းရရှိသည်။
ဖြစ်စဉ်မှာအဆိုပါဟိုတယ် အမျိုးသမီးနှစ်ယောက်နှင့် အမျိုးသားတစ်ယောက်တို့ အဆိုပါဟိုတယ်သို့ မတ် ၁၇ ရက် နံနက် ၁ နာရီခန့်က ရောက်ရှိခဲ့ကြပြီးအခန်းနံပါတ် ၃၀၉ ၌ တည်းခိုကြပြီးအမျိုးသားဖြစ်သူမှာယနေ့မနက် ၆ နာရီခန့်က ပြန်လည်ထွက်ခွာသွားခဲ့သည်ဟုဆိုသည်။ ထို့နောက် ကျန်ရစ်သူအမျိုးသမီးနှစ်ဦးအနက် တဦးကမနက် ၉ နာရီခန့်တွင် ၎င်း၏သူငယ်ချင်းအိပ်ယာမှ နှိုးမရသဖြင့် ဟိုတယ်ဝန်ထမ်းများကို အကူအညီးတောင်းသဖြင့် ဟိုတယ်ဝန်ထမ်းများမှ အခန်းသို့ သွားရောက်ကြည့်ရှုရာအမျိုးသမီးမှာသေဆုံးနေသည်ကိုတွေ့ရှိခဲ့ရကြောင်းသိရသည်။
၎င်းတို့သုံးဦး၏အမည်များမှာမောင်ရန်လင်းအောင်၊ မဖြိုးသဉ္ဇာထက်နှင့် သေဆုံးသူမယုယုထက် (၂၁ နှစ် /ရန်ကုန် မှတ်ပုံတင်) တို့ဖြစ်ကြောင်းသိရသည်။
"သူတို့၃ ယောက်က ဒီနေ့မနက် ၁နာရီအချိန်က ကျွန်တော်တို့ဟိုတယ်ကို ရောက်လာတယ်။ တတိယထပ် အခန်း၃၀၉မှာ တည်းတယ်။ကိုရန်လင်းအောင်ကမနက် ၆ နာရီလောက်မှာCheck-outလုပ်ပြီးပြန်သွားတယ်။ ၉ နာရီလောက်မှာ မဖြိုးသဉ္ဇာထက်က ကျွန်မညီမလေးဘာဖြစ်တယ်မသိဘူး၊ လာကြည့်ပေးပါဦး ဆိုလို့ ဝန်ထမ်းတွေ သွားကြည့်တော့သေဆုံးနေတယ်”ဟုဟိုတယ်မှ တာဝန်ရှိသူတဦးကပြောသည်။
ကနဦး သတင်းများအရ ဟိုတယ်ခန်းတွင်း၌ သောက်စား ထားသည့် ဘီယာဘူးများ၊ အစား အသောက်များ တွေ့ရှိ ရကြောင်း၊ သေဆုံးသူအမျိုးသမီး၏လက်ကိုင်အိတ်အတွင်းမှ ဆေးပြား(စစ်ဆေးဆဲ)အချို့ တွေ့ရှိရကြောင်းသိရသည်။
စိုင်းထူးခန့်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)