မြန်မာ့မှု မြန်မာ့ဟန် အကများသာပါဝင်မည့် အကယ်ဒမီပေးပွဲ
17 Mar 2016 1,570 Views

မနှစ်က ကျင်းပခဲ့တဲ့ အကယ်ဒမီပေးပွဲ၏ ဖျော်ဖြေရေးမှာ ကပြခဲ့သည့် အကများသည် ထိုင်းအကများနှင့် ဆင်တူတယ်လို့ ပရိသတ်များက ဝေဖန်ပြောဆိုခဲ့ ကြပါတယ်။ ဒါကြောင့် ဒီနှစ်မှာတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေ ဖျော်ဖြေရေးကဏ္ဍမှာ မြန်မာ့မှု မြန်မာ့ဟန်အကများကိုသာ ဦးစားပေး ဖျော်ဖြေသွားမည်လို့ ဆိုပါတယ်။
" မနှစ်က အကယ်ဒမီ ပေးပွဲမှာ ကပြဖျော်ဖြေမှုနဲ့ပတ်သက်ပြီး ဝေဖန်သံတွေ ထွက်လာတယ်။ ထိုင်းအကတွေ ပါဝင်တယ် ဆိုပြီးတော့လေ။ ဒါကြောင့်ဒီ နှစ်ကိုတော့ မြန်မာဆန်ဆန်အကတွေ ပါဝင် ကပြဖျော်ဖြမှုတွေ ပါဝင်မှာပါ"ဟု ဒုက္ကဌ ဦးအေးကြူလေးက ပြော ပြခဲ့သည်။
http://www.duwun.com.mm/