"ငါ ဒု ဗိုလ်မှူးကြီးကွ" ဆိုပြီး Yuzana Plaza ကားပါကင် မှာ ရန်ရှာ ခဲ့တဲ့ လူကြီး လူကောင်း
16 Mar 2016 1,648 Views

တရား ဥပဒေ အထက် စစ်တပ်ကလူတွေ ရှိနေတုန်း ပဲလား?
ကျွန်တော် ကိုယ်တိုင် တွေ့ကြုံ ခဲ့ရသောအဖြစ် ဖြစ်သည်။
ဖြစ်စဉ်မှာ ယနေ့ညနေ ၅:၃၀~၆ နာရီခန့် Yuzana Plaza ကားပါကင် P3 အထပ်တွင် ကျွန်တော့်ကား 5D/1124 ရှေ့တွင် Prado ကား 4E/2969 ကပိတ်ရပ်သွားသည်။ ကျွန်တော် ကားပါကင်မှ အစောင့်နှင့် လြုံခုံရေး ကောင်လေး ၂ ယောက်အကူဖြင့် ဘေးမှပတ်ထွက်ရန် ကြိုးစားကြည့်သည်၊ လုံးဝမရ၊ ဘေးကရပ်ထားသော Taxi နှင့်ညိနိုင်သည်။
နောက် မိနစ် ၂၀ လောက်ကြာမှ မောင်မင်းကြီးသားက ရောက်လာသည်။ ကားပါကင် လွတ်သည့် နေရာတွင်ရပ်ရန်၊ ကားတွင် ဖုန်းနံပတ်ရေးသွားရန် (သို့) ဘရိတ်ဖြုတ် free ထားရန် ပြောသော အခါ ထို Prado ကားပိုင်ရှင်မှ ရန်လိုပြီး "ငါဒုဗိုလ်မှူးကြီးကွ" ဆိုပြီးမဆီမဆိုင် သူ၏ ဘာမှန်းမသိသော ကဒ်ပြားများကိုထုတ်ပြပါသည်။
ကျွန်တော်ကလည်း "လူကြီးဆိုရင် စည်းကမ်းပိုရှိရမှာပေါ့.. ခင်ဗျားဘာသာ ဗိုလ်မှူးမကလို့ သမ္မတဖြစ်ဖြစ် စည်းကမ်းမဲ့လို့ကတော့ ဂရုလုံးဝမစိုက်၊ စစ်တပ်မှာ စစ်စည်းကမ်း ဆိုတာ တောင်ရှိသည်" ဟုပြောသောအခါ၊ ကျွန်တော်အားထိုးရန်ပြင်ပါသည်။
ကားပါကင်မှ လုံခြုံရေး ကောင်လေးက သူ့ကို တားပါသည်။ ထို့နောက်ပလာဇာ အုပ်ချုပ်ရေးမှူးကို အစောင့်က သွားခေါ်လာပါသည်။ အုပ်ချုပ်ရေးမှူးက ကားအားရွှေ့ ပေးရန် ပြောသောအခါ ထိုလူက ပေကပ်ပြီးမရွှေ့ပါ။ သူက ကားပါကင် အစောင့် ကောင်လေး တွေကိုသူ့ကို ကားပါကင်မပေးဟု ဆိုကာ မဲပါတော့သည်။ သူနှင့် အဖော်ပါလာသော အမျိုးသမီးမှ ကားအားရွှေ့ရန် ၀ိုင်းပြော သော်လည်း ထိုအမျိုးသမီးအား တွန်းထုတ်ပြီးမဆိုင်လျင်ဝင်မပါရန်ပြောပါသည်။
ကျွန်တော်မှ ထိုအမအား ကားဖယ်လို့ရရင် ဖယ်ပေးရန် တောင်းဆိုသော်လည်း ကားသော့မှာ ထိုဒုဗိုလ်မှူးဆိုသှူ ဆီမှာတဲ့။ အုပ်ချုပ်ရေးမှူးနှင့် အစောင့်များ ထိုနားတွင် ယာဉ်တိုက်မှု တခုဖြစ်၍ ထွက်သွားစဉ် ထိုလူက ကားပေါ်မှ ဆင်းကာ ကျွန်တော်နှင့် ထိုးကြပါတော့သည်။
ပုံမှာ လုံခြုံရေး ကောင်လေးက သူ့အား တားနေသော ပုံဖြစ်သည်။ ထို့နောက် အုပ်ချုပ်ရေးမှူး ပြန်ရောက်လာမှ သူထွက်သွားပါသည်။ ကျွန်တော့်ကားနံပတ် မှတ်ပြီး ဘာဖြစ်မယ်၊ ညာဖြစ်မယ်ဟု လူအများရှေ့မှာ ချိမ်းခြောက်သွားပါသည်။ ကျွန်တော် ပြောတာကို မယုံပါက ပလာဇာရုံးခန်းတွင်စုံစမ်းနိုင်ပါသည်။
အုပ်ချုပ်ရေးမှူးမှာ ထိုလူဒုဗိုလ်မှူးဆိုတာကို ရှိန်သောကြောင့်လားမသိ ရဲခေါ်မည်ဆိုတာကို ရဲစခန်းသွားရန်ပြောပါသည်။ လုံခြုံရေးကောင်လေးများ၏ အမှုရှုပ်မှာဆိုးပြီး ခွင့်လွှတ်ရန်တောင်းဆိုမှုကြောင့်ကျွန်တော်စိတ်လျော့လိုက်ပါသည်။ ကားပါကင် မလွတ်ရင်ရှာပေါ့...ခုတော့....ခုခေတ်တွင် ငါစစ်တပ်ကဘာကောင်ကွ ဆိုကာလုပ်ချင်ရာလုပ်လို့ရသေးသည်ထင်ရင် စစ်တပ်ကကောင်တွေဖင်စောင့်သာသေလိုက်ကြလို့။
Source: BoBo Myo Thant Facebook