အသည်းကွဲသူတွေအတွက် ပြတိုက်
14 Mar 2016 1,468 Views
ဒီစိတ်ကူးအိုင်ဒီယာကို အကောင်အထည်ဖော်ခဲ့ သူ နှစ်ဦးက ရုပ်ရှင်ထုတ်လုပ်သူ Olinka Vištica နဲ့ ပန်းပုဆရာ Dražen Grubišic တို့ ပဲဖြစ်ပါတယ် ။ သူတို့ဟာ အသည်းကွဲ သူတို့ရဲ့ပြတိုက် (The Museum of Broken Relationships) ကို ခရိုအေးရှားနိုင်ငံ ရဲ့မြို့တော်ဖြစ်တဲ့ Zagreb မြို့မှာ ဖွင့်လှစ်ထားတာပါ ။
ချစ်သူနဲ့အမှတ်တရဖြစ်ခဲ့ပြီး မှတ်မှတ်ရရရှိနေတဲ့ပစ္စည်းတွေကို လာရောက်ပြသနိုင်ဖို့စီစဉ်ထားတာဖြစ်ပါတယ် ။စာတိုလေးတွေက စလို့မော်တော်ကားအထိလာရောက်ပြသနိုင်ပေမဲ့ လူမျိုးရေးခွဲခြားတာ ၊ လိင်ပိုင်းဆိုင်ရာ ၊ ဘာသာရေး ၊ အမျိုးသားရေးတွေနဲ့သက်ဆိုင်တာတော့လက်မခံဘူးလို့သိရပါတယ် ။
သူတို့ရဲ့အောင်မြင်မှုကတော့ နောက်ထပ် ပြတိုက်တစ်ခုကို Los Angeles မှာ လာမယ့် မေလ မှာ ဖွင့်လှစ်တော့ မှာပါ။မြန်မာနိုင်ငံမှာလည်း အသည်းကွဲ ကြသူ အများအပြား ရှိတဲ့ အတွက် ဒီလိုပြတိုက်လေးတစ်ခု ဖွင့်လှစ်နိုင်မယ်ဆို ရင် လူစိတ်ဝင်စားကြမယ်လို့ ထင်ပါတယ်။